Monday, June 1, 2015

သတ်မှတ်ထားသော ကျွမ်းကျင်မှုအဆင့်နှင့်အညီ နည်းပညာနှင့် သက်မွေးပညာများ သင်ကြားပေးရမည်




The Mirror Daily's photo.


နေပြည်တော် မေ ၃၁

အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကျောင်းများတွင် နည်းပညာနှင့်သက်မွေးပညာ ရေးဆိုင်ရာ ပညာရေးကိစ္စရပ်များကို သက်ဆိုင်ရာဥပဒေ များနှင့်အညီ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

အမျိုးသားကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့ (National Skill Standard Authority - NSSA) မှ သတ်မှတ်ထားသည့် ကျွမ်းကျင်မှုအဆင့်များနှင့်အညီ Skill Level-1 နှင့် Skill Level-2 အဆင့်ရရှိရေးအတွက် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတို သင်တန်းများကို G.T.I များနှင့် G.T.H.S များတွင် Polytechnic Center များဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးကြရမှာဖြစ်ကြောင်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်း (G.T.H.S)များတွင် Skill Level-3 နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (G.T.I)ကျောင်းများတွင် Level-4 အထိရောက်အောင် ကျွမ်းကျင်သူများအဖြစ် လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ဒေသမှလိုအပ်သည့် ဘာသာရပ်များအားလုံး သင်ကြားပေးနိုင်ရန် Polytechnic Center များ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ သို့မှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်မွေးပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများအနေ ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ နောင်တွင် Polytechnic School များ၊ Polytechnic Institute များ ဖွင့်လှစ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က နည်းပညာနှင့် သက်မွေးပညာဆိုင်ရာဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့ပြီး နည်းပညာ နှင့်သက်မွေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှု လက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများက သင်ကြားရေး၊ စီမံရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment