Monday, June 29, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်




Myanmaalinn's photo.
Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၈

သစ်ပင်များကို စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှိနေကြောင်း၊ ယခုသစ်ပင်စိုက်ပျိုးပွဲသည် ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအတွက် တပ်လှန့်နှိုးဆော်ခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပသော ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား၌ ပြောကြားသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်နှင့်ကံ့ကော်ပင်များကို စိုက်ပျိုးပေးသည်။ (ဝဲပုံ)
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက စိုက်ပျိုးပင်များကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂ဝ၁၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၂ဝ၁ဝ၊ ပျဉ်းကတိုးပင် ၁ဝဝဝ၊ ပိတောက်ပင် ၅ဝဝ၊ ရေမနေပင် ၂ဝဝ၊ ယင်းမာပင် ၅ဝဝ၊ မဟော် ဂနီပင် ၂ဝဝ နှင့် သစ်ဆိမ့်ပင် ၆ဝဝ စုစုပေါင်း အပင် ၅ဝဝဝ ကို စုပေါင်း စိုက်ပျိုးကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်လည်း မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲများကို ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပ ပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၃၃၃၇၃ ပင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ၄၉ဝ၈၁ ပင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေတွင် ၁၇၈၂၇ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် ၂၃၄၆၇ ပင်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ် မြေတွင် ၂၃၇၁၂ ပင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၅၁၆၄ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၈၅၃၉ ပင်၊ ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၉၈ဝ၅ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ တွင် ၅၂၃၃၃ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၁၄၂၈ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် ၁၆၅၃၆ ပင်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂ဝ၁၈၃ ပင်၊ အလယ်ပိုင်း တိုင်းစစ် ဌာနချုပ်နယ် မြေတွင် ၂ဝ၈၇၃ ပင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ၄၅ဝ၃၉ ပင်ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊စစ်သည်နှင့် မိသားစုများက စိုက်ပျိုးခဲ့ကြပြီး တပ်မတော် တစ်ရပ်လုံးအနေဖြင့် ယနေ့ စိုက်ပျိုးမှုစုစုပေါင်းမှာ ၃၉၇၂၇ဝ ပင်ဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် ၁၈၇၅၇ ပင်၊ ၂ဝ၁၂ ခုနှစ်တွင် ၁၅၅ဝဝပင်၊ ၂ဝ၁၃ ခုနှစ်တွင် ၁၅ဝဝဝပင် နှင့် ၂ဝ၁၄ ခုနှစ်တွင် ၁၄ဝဝဝ ပင် စိုက်ပျိုးနိုင်ခဲ့ ခြင်းဖြစ်ပြီး တပ်မတော်တစ်ရပ်လုံး အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်း သိမ်းရေး အတွက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ ဆက်လက်ပြုလုပ်၍ ရှင်သန်ဖြစ်ထွန်း အောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment