Monday, June 29, 2015

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ



 

နေပြည်တော် ဇွန် ၂၈

ကမ္ဘောဒီးယားနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဖနောင်ပင်မြို့ရွှျိသပေူ ဏေူခေန ၌ ကြည့်ရှုလေ့လာကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား Royal Palace ၌ တာဝန်ရှိသူများက ကမ္ဘောဒီးယား နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် National Museumနှင့် ပိုပေါ့ခေတ် အကျဉ်းထောင် ဟောင်း Toul Sleng Genocidal Museum (S-21)တို့တွင် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ ခေတ္တတည်းခိုသည့ှ်Sokha ဟိုတယ်၌ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံ သည်။
ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဖနောင် ပင်မြို့ရှိ Special Forces Airborre 911 Brigade သို့ သွားရောက်လေ့လာ ကြရာ တပ်မဟာဌာနချုပ်မှLieu- tenant General Chap Pheakdey က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်Special Forces Airborne 911 Brigade တွင် တန်ပြန်အကြမ်းဖက် တိုက်ခိုက်မှုစွမ်းရည် သရုပ်ပြသမှုအား ကြည့်ရှုလေ့လာပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
၎င်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်မှ ဒေသစံတော် ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာခဲ့ရာ Siem Reap လေဆိပ် သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ရောက်ရှိကြသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ဇွန် ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဖနောင်ပင်မြို့ Siem Reap အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေ ၅ နာရီတွင် နေပြည်တော်သို့ ပြန်လည် ရောက်ကြသည်။ (မြဝတီ)

No comments:

Post a Comment