Tuesday, June 2, 2015

စစ်ပွဲများကြောင့် ရွှေ့ဆိုင်းထားရသည့် စုံတွဲ ၂ဝဝဝ မင်္ဂလာပွဲ ဂါဇာတွင် တစ်ပြိုင်တည်း ကျင်းပ


 
ဂါဇာ ဇွန် ၁
ပါလက်စတိုင်းစုံတွဲ ၂ဝဝဝ သည် ၄င်းတို့၏ စုပေါင်း ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို ဂါဇာကမ်းမြောင်တွင် ကျင်းပခဲ့သည်။ အဆိုပါ စုပေါင်းမင်္ဂလာလက်ထပ်ပွဲအခမ်း အနားကို ဘောလုံးကွင်းတစ်ကွင်း ဆင်ယင်ကျင်းပခဲ့ပြီး တူရကီအစိုးရက ထောက်ပံ့ကူညီခဲ့သည်။
သတို့သားနှင့် သတို့သမီးများသည် ဘောလုံးကွင်း အတွင်း တစ်ဖက်တစ်ချက်စီတွင် နေရာယူထိုင်ခဲ့ကြသည်။ ၄င်းတို့ကို ပါလက်စတိုင်းရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ဟားမားစ်အစ္စလာမ္မစ်အဖွဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦးက မင်္ဂလာစုံတွဲများအတွက် ဂုဏ်ယူ ဝမ်းမြောက်စကားပြောကြားခဲ့သည်။
ဂါဇာဒေသရှိ စုံတွဲအတော်များများသည် လွန်ခဲ့သည့်နှစ် နွေရာသီက အစ္စရေးနှင့် ဟားမားစ်တို့ အကြားစစ်ပွဲများ ဖြစ်ပွားနေသည့်အတွက်၎င်းတို့၏ မင်္ဂလာလက်ထပ်ပွဲအစီအစဉ်များကို ရွှေ့ဆိုင်းခဲ့ကြရသည်။ သို့သော် ပဋိပက္ခများ အတော်အတန် ချုပ်ငြိမ်းသွားပြီး နောက် မင်္ဂလာပွဲများကို တက်သုတ်ရိုက် စီစဉ်ကျင်းပခဲ့ ကြခြင်းဖြစ်သည်။
အဆိုပါမင်္ဂလာပွဲအတွက် တူရကီအစိုးရက ဒေါ်လာ လေးသန်း ထည့်ဝင်ကူညီစီစဉ်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ အသက် (၂၇) နှစ်အရွယ်သတို့သားတစ်ဦးက အလွန် ဝမ်းသာပီတိဖြစ်ရသည်ဟု ပြောကြားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment