Tuesday, June 2, 2015

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ရာသီဥတုဆိုးရွားမှုကြောင့် ဂျပန်နိုင်ငံ နာဂိုယာမြို့ ကိုမာကီလေဆိပ်သို့ အရေးပေါ်ဆင်းသက်ရန် ဦးတည်ခဲ့ရ


 
တိုကျို ဇွန် ၁
နေရောင်ခြည်စွမ်းအင်သုံး Solar Impulse-2 လေယာဉ်သည် ရာသီဥတု အလွန်အမင်းဆိုးရွားမှုကြောင့် ပစိဖိတ်သမုဒ္ဒရာအား နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး စံချိန်တင်ဖြတ်သန်းရန်စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့ရသည်။
လေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် ဂျပန် နိုင်ငံ နာဂိုယာမြို့ ကိုမာကီလေဆိပ်သို့ အရေးပေါ် ဆင်းသက်ရန် ဦးတည်ခဲ့ရသည်။
တရုတ်နိုင်ငံမှ ဟာဝိုင်ယီကျွန်းသို့ အချိန်အားဖြင့် ခြောက်ရက်ကြာညောင်းမည့်ခရီးစဉ်ကို ၃၆ နာရီသာလျှင် မောင်းနှင်ဖြတ်သန်းရသေးသည်။ လေယာဉ်မောင်းနှင် ရေးအဖွဲ့သည် ရာသီဥတုကောင်းမွန်သည့်အချိန်ထိ ဂျပန်နိုင်ငံတွင် ဆက်လက်စောင့်ဆိုင်းနေမည်ဖြစ်သည်။
လေယာဉ်ဆင်းသက်ခဲ့ရခြင်းအတွက် စိတ်ပျက် မိကြောင်းနှင့် နောက်ထပ်တစ်ကြိမ်ကြိုးစားဦးမည်ဖြစ် ကြောင်း ဆွစ်ဇာလန်လူမျိုးလေယာဉ်မှူး ဘောရှ်ဘာ့ဂ်ျက ပြောသည်။ ၄င်းတို့သည် မိုက်ရူးရဲဆန်သူများမဟုတ်ဘဲ စူးစမ်းလေ့လာသူများသာဖြစ်ပါကြောင်း လေယာဉ်ပျံသန်း ရေးခရီးစဉ်ကို မိုနာကိုနိုင်ငံမှ စောင့်ကြည့်နေသည့် ပူးတွဲ လေယာဉ်မှူး ဘာထရန်းပစ်ကတ်ဒ်ကဆိုသည်။
လေယာဉ်သည် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ ကိုမာကီလေဆိပ်သို့ ရောက်ရှိ မည်ဟု ခန့်မှန်းရသည်။ ယခုအကြိမ်ပျံသန်းမှုသည် နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး ကမ္ဘာပတ်ရန်ကြိုးပမ်းမှု၏ ခုနစ်ကြိမ်မြောက်ဖြစ်ကြောင်း လေယာဉ်ပျံသန်းရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဆိုလာပြား ၁၇ဝဝဝ ခန့်တပ်ဆင်ထားသည့်Solar Impulse -2 လေယာဉ်အနေဖြင့် အလွန်ကျယ်ပြန့်လှသည့် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်သန်းမည့် ခရီးစဉ်သည် လွန်စွာပင် ခဲယဉ်းလှသည်။
ရာသီဥတုအခြေအနေကို စောင့်ဆိုင်းနေခဲ့ရခြင်း ကြောင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းရန် တရုတ်နိုင်ငံတွင် တစ်လကျော် ကြာညောင်းခဲ့သည်။
ဇွန် ၆ ရက် ဂရင်းနစ်စံတော်ချိန် ၁၈ နာရီ ၃၉ မိနစ်တွင် ပျံသန်းမှုခရီးစဉ်ကို ပြန်လည်စတင်နိုင်မည်ဖြစ် ကြောင်း လေယာဉ်ပျံသန်းရေးအဖွဲ့၏ မိုးလေဝသ ပညာရှင်များက ထင်ကြေးပေးကြသည်။
ရိုက်တာ။

No comments:

Post a Comment