Monday, June 1, 2015

ဂျပန်အရှေ့ပိုင်းတွင် အင်အားအလွန်ပြင်းထန်သောငလျင်လှုပ် တိုကျိုနှင့်အိုဆာကာကြား ကျည်ဆန်ရထားခေတ္တရပ်ခဲ့ရ


Myanmaalinn's photo.

တိုကျို မေ ၃၁

၃ဝ-၅-၂ဝ၁၅ရက်ကဂျပန်အရှေ့ ဘက်ကမ်းရိုးတန်း ဒေသတွင် အင်အား ၈ ဒသမ ၅ မဂ္ဂနီကျုအဆင့် ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး တိုကျို ရှိ အဆောက်အအုံများ လှုပ်ခါသွားခဲ့ ကြောင်း သိရသည်။ သို့သော်လည်း ဆူနာမီရေလှိုင်းအန္တရာယ်ကျရောက် ခြင်းမရှိကြောင်း၊ ငလျင်အင်အား အလွန်ပြင်းထန်သော်လည်း အပျက် အစီးမရှိကြောင်း သိရသည်။
လွန်ခဲ့သော လေးနှစ်ခန့်က အင်အား ၉ ဒသမ ဝ မဂ္ဂနီကျု ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့သော် လည်း ယခုအခါ ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစက်ရုံတွင် ကမောက် ကမဖြစ်စဉ်များ မဖြစ်ပွားဘဲ အခြား နျူကလီးယားဆက်စပ်အဆောက် အအုံများတွင်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
ရှင်ကန်ဆင်ကျည်ဆန်ရထားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွား မှုကြောင့် တိုကျိုနှင့် အိုဆာကာကြား တွင် ခဏတာရပ်နားထားခဲ့ရပြီး တိုကျိုရှိ အခြား မီးရထားများမှာ လည်း လုံခြုံစိတ်ချမှုရှိစေရန် ရပ်နား ခဲ့သည်။ ထို့ကြောင့် အဆိုပါဒေသ သို့ ပုံမှန်သွားရောက် အလုပ်လုပ် ကိုင်သူများမှာ ဘူတာရုံအပြင်ဘက် တွင် စုဝေးနေကြရသည်။ ငလျင်မှာ တိုကျိုမြို့တောင်ဘက်ရှိ အိုဂါဆာဝါ ရာကျွန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ် သည်။နိုင်ငံတစ်ဝန်း၌ မြေအောက် အနက် ကီလိုမီတာ ၅၉ဝ (မိုင် ၃၇ဝ) အထိ ရိုက်ခတ်ခဲ့သည်။
ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့မှု ကြောင့် ဗုဒ္ဓရုပ်ပွားတော်မှာ ဘေး ဘက်သို့ ယိမ်းယိုင်သွားကြောင်း ငလျင်ဗဟိုချက်အနီး ဟာဟာဂျီမာ ကျွန်းတွင်နေထိုင်သူ မီချီကို အိုရီတာ က အင်န်အိတ်ခ်ျကေ အမျိုးသား ရုပ်သံသို့ပြောကြားခဲ့သည်။ ယခုကဲ့သို့ ကြောက်စရာကောင်းသောအဖြစ်မျိုး မကြုံတွေ့ဖူးကြောင်း ¤င်းက ဆက် လက်ပြောကြားသည်။

(ရိုက်တာ)

No comments:

Post a Comment