Monday, June 1, 2015

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်သစ်ဖွင့်



Myanmaalinn's photo.

ရန်ကုန် မေ ၃၁

မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် အမှတ်(ဝ၄၂) ဆိုင်သစ်ဖွင့်ပွဲကို မေ ၃ဝ ရက် နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် မြို့ရှောင်လမ်း၌ကျင်းပရာ အစီအစဉ် အရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဆိုင်သစ်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများက ဆိုင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာ အောင်က CNG Compressor ကို ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မော်တော် ယာဉ်များသို့ CNG ဖြည့်သွင်း ပေးနေမှုနှင့် အရောင်းဆိုင်သစ် အား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ ဆိုင်အမှတ်(ဝ၄၂) တွင် တပ်ဆင်သည့် ဆက်စပ်ပစ္စည်း များကို အာဂျင်တီးနားနိုင်ငံမှ မှာယူ တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်တည် ဆောက်ခြင်းနှင့် စက်တပ်ဆင်ခြင်း လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ် အောက် တိုဘာ ၁ ရက်က စတင်ဆောင်ရွက် ခဲ့ရာ ၂ဝ၁၅ ခုနှစ် မေ ၂၆ ရက်တွင် အောင်မြင်စွာ တပ်ဆင်ပြီး မေ ၃ဝ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ် သည်။
ယခုဖွင့်လှစ်သော ဆိုင်အမှတ် (ဝ၄၂)တွင် Dispenser လေးခုမှ Filling Point ရှစ်ခု တပ်ဆင်ထား ပြီး သဘာဝဓာတ်ငွေ့သုံး မော်တော် ယာဉ်ရှစ်စီးအား တစ်ပြိုင်တည်း ဖြည့်သွင်းပေးနိုင်သည်။ သဘာဝ ဓာတ်ငွေ့သုံး Hilux မော်တော်ယာဉ် အစီး ၈ဝဝ ခန့်နှင့်အတူ တိုက်ကြီး၊ မှော်ဘီ၊ ပဲခူး၊ လှည်းကူးမှMini Bus များနှင့် City Bus များအား ပိတ်ရက် မရှိ ၂၄ နာရီ ရောင်းချပေးသွား မည်ဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် တိုင်းဒေသကြီး အတွင်းရှိ CNG ယာဉ်များကို နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂ဝ ခန့် ဖြန့်ဖြူးပေးလျက်ရှိရာ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ယူ၍ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကုန်းတွင်းပိုင်းရေနံမြေများမှ သဘာဝ ဓာတ်ငွေ့ တိုးတက်ထွက်ရှိခဲ့သဖြင့် တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး ခရီးသည်တင်လိုင်းကား များသို့ မကြာမီ သဘာဝဓာတ်ငွေ့ ကုဗပေတစ်သန်းကို နေ့စဉ်တိုးတက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

(သတင်းစဉ်)

No comments:

Post a Comment