Monday, June 1, 2015

ရှန်ဂရီလာဆွေးနွေးပွဲတွင် အာရှဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူ



Myanmaalinn's photo.

စင်ကာပူ မေ ၃၁

ဒေသတွင်းနိုင်ငံများက လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်၊ အထူးသဖြင့် အာရှဒေသအတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ကြရန် စနေနေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပနေသော (၁၄)ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် သန္နိဋ္ဌာန်ချလိုက်ကြသည်။
အာရှလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ခေါင်းစဉ်ဖြင့် ကျင်းပသော ဒုတိယမျက်နှာစုံညီအစည်းအဝေး သည် အာရှဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုသာ မဟုတ်တော့ကြောင်း၊ ပို၍ပူးပေါင်းဆောင်ရွက်မှုအလား အလာများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အာရှနိုင်ငံများအကြား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြင့်ရော အာရှနှင့် အာရှမဟုတ်သောနိုင်ငံများအကြားပါ ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရောအင်တာဂျစ်ဆင်းက ပြောသည်။
ယနေ့ကမ္ဘာတွင် အကြမ်းဖက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်မှု ကြီးထွားလာခြင်းသည် အကြီးမားဆုံးသော ခြိမ်းခြောက်မှုပင်ဖြစ်ကြောင်း ဆင်းက မှတ်ချက်ပြုပြောဆိုလိုက်သည်။ အကြမ်းဖက်သမားများသည် အင်တာနက် အပါအဝင် နည်းစနစ်သစ်များအသုံးပြု၍ လူသားများနှင့် စီးပွားရေးအပေါ် အကြမ်းဖက်လာကြကြောင်း ၄င်းက ထပ်လောင်းပြောဆိုလိုက်သည်။

(ဆင်ဟွာ)

No comments:

Post a Comment