Tuesday, June 2, 2015

၂ဝ၁၂ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ဆွေးနွေး

 


နေပြည်တော် ဇွန် ၁
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၅၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။
အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်ရှိ နည်းပညာတက္ကသိုလ် များတွင် ဘာသာရပ်ပေါင်းစုံ သင်ကြားနိုင်ရေးနှင့် သင်ယူခွင့်မရှိ သော ဘာသာရပ်များကို တခြား ဒေသရှိ နည်းပညာတက္ကသိုလ်များ တွင် သွားရောက်သင်ယူခွင့်ရရှိစေရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်းကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေက နည်းပညာတက္ကသိုလ်များ တွင် အဓိကဘာသာရပ်ကြီးများ ဖြစ်ကြသော မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန် နစ် အင်ဂျင်နီယာနှင့် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သင်တန်းလေးခုကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မြန်မာ နိုင်ငံတစ်ဝန်းတွင် အဆိုပါအဓိက ဘာသာရပ်လေးခု သင်ကြားသော နည်းပညာတက္ကသိုလ်စုစုပေါင်း ၁၆ ခုရှိပါကြောင်း၊ နည်းပညာတက္ကသိုလ် (စစ်တွေ)အပါအဝင် အဓိကဘာသာ ရပ်လေးခု သင်ကြားလျက်ရှိသော အခြားနည်းပညာ တက္ကသိုလ်များတွင် ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ် သင်ကြားနိုင်ရန် ကျောင်းအလိုက် တက်ရောက်မည့် ကျောင်းသား အင်အား၊ ဒေသ၏လိုအပ်ချက်၊ ဒေသ၏စီးပွားရေးစီမံကိန်းများနှင့် အညီ စိစစ်တွက်ချက်၍ ဘာသာရပ် များ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရန် တက္ကသိုလ်အလိုက် စီစဉ်ဆောင်ရွက် ရမည့်ကိစ္စရပ်များ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၏ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ နယ်အတွင်း သားဖွားဆရာမသင်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ်သင် ကြားပေးရန်နှင့် ယခင်ကဖွင့်လှစ် သင်ကြားပေးခဲ့ဖူးသည့် အရန်သားဖွား ဆရာမသင်တန်းများ ပြန်လည် ဖွင့်လှစ်သင်ကြားပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ကျွှန်းစုမြို့နယ်၌ ၂ဝ၁၄ ခုနစ် အောက်တိုဘာ ၁ ရက်မှ စတင်ပြီးGAVI နှင့် တိုင်းဒေသကြီးအစိုးရ အထောက်အပံ့ဖြင့် အရန်သားဖွား သင်တန်းပို့ချလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၃ဝ ကို ခြောက်လကြာ သင်ကြားပို့ချပြီး လိုအပ်ချက်ပေါ် မူတည်၍ အရန်သားဖွားဆရာမ အသစ်များ ထပ်မံလေ့ကျင့်မွေးထုတ် သွားမည်ဖြစ်ပါကြောင်း၊ ဆေးသိပ္ပံ ဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် သားဖွား သင်တန်းကျောင်းတစ်ကျောင်းနှင့် ထားဝယ်မြို့တွင် သူနာပြုသင်တန်း ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ပြီး ဖြစ်ပါ၍ ကျွန်းစုမြို့နယ်တွင် သားဖွား သင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ် ထားမှုမရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ရေစကြိုမဲဆန္ဒနယ်မှ ဦးတင်ဌေး အောင်က ရေစကြိုမြို့နယ်ရှိ ကျေးလက်ဒေသများတွင် တာဝန် ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းအပြောင်းအရွှေ့များအတွက် လစ်လပ်နေရာကို အစားထိုးခန့်ထား ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်း သိန်းဌေးက ကျန်းမာရေးဝန်ထမ်း အပြောင်းအရွှေ့များအတွက် မြန်ဆန် စွာခန့်ထားပေးနိုင်ရန် နှစ်စဉ်ဆောင် ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရွေးချယ်ခဲ့ ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)တွင် သင်တန်းတက် ရောက်လျက်ရှိသော သစ်လွင် လက်ထောက်ဆရာဝန် ၁၇၁ ဦးကို ၂ဝ၁၅ ခုနစ် မတ်လအတွင်း ခန့်ထား မည့်အချိန်တွင် လုပ်သက်ရဒေသခံ ဆရာဝန်များက ရေစကြိုပြည်သူ့ ဆေးရုံရှိ လစ်လပ်နေရာများနှင့် ကြက်ဆူကျင်း တိုက်နယ်ဆရာဝန် နေရာတွင် ခန့်ထားပေးခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ လစ်လပ်သော ကြက်ဆူကျင်း တိုက်နယ်ဆရာဝန်နေရာတွင် ပခုက္ကူ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ လင်းထင်ကို ယာယီအစီအစဉ်ဖြင့် တွဲဖက်တာဝန်ချထားပြီး ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ဆက်လက်၍ ဘွိုင်လာဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသည့် ၂ဝ၁၂ ခုနှစ် အမျိုး သားလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ် လျဉ်း၍ လွှတ်တော်ကအတည်ပြုခဲ့ သည်။
(သတင်းစဉ်)
 

No comments:

Post a Comment