Monday, June 1, 2015

အက်ဖ်အေဖလားသမိုင်းမှာ အအောင်မြင်ဆုံးအဖြစ် အာဆင်နယ်ရပ်တည် အက်ဖ်အေဖလားရရှိပြီးနောက် ပရီမီယာလိဂ်ဖလားအား ပစ်မှတ်ထားရန် ဝဲလ်ကော့တိုက်တွန်း


 
မေ ၃ဝ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေ ဖလားဗိုလ်လုပွဲစဉ်မှာ လက်ရှိချန်ပီယံအာဆင်နယ်က ဗီလာကို လေးဂိုးပြတ်နဲ့ အနိုင်ကစားပြီး အက်ဖ်အေ ဖလားသမိုင်းမှာ အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည် နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်နဲ့ နောက်တန်းလူစာရင်း
ကို အပြောင်းအလဲ မလုပ်ခဲ့ပေမယ့်လည်း တိုက်စစ်နေရာ မှာတော့ ဂီရော့ဒ်အစား ဝဲလ်ကော့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဗီလာအနေနဲ့ အာဆင်နယ်ရဲ့ တရစပ်တိုက်စစ်ဆင်မှုကို ပထမပိုင်း ပွဲပြီးခါနီးအထိ ကြံ့ကြံ့ခံကစားခဲ့ပေမယ့်လည်း ပွဲချိန်မိနစ် ၄ဝ မှာတော့ ဝဲလ်ကော့ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရ ပါတယ်။
နောက်ပိုင်း မှာတော့ အာဆင်နယ်ကပဲ ပွဲကိုစိုးမိုးထား ခဲ့ပြီး မိနစ် ၅ဝ မှာ ဆန်းချက်ဇ်၊ ၆၂ မိနစ်မှာ မာတီဆက်ကာ နဲ့ လူစား ဝင်လာတဲ့ ဂီရော့ဒ်က မိနစ် ၉ဝ မှာ ပွဲသိမ်းဂိုးကို ထပ်မံ သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရကာ အက်ဖ်အေဖလားကို ၁၂ ကြိမ်မြောက် ကိုင်မြောက်နိုင်ခဲ့ပါတယ်။ ဗီလာနည်းပြ တင်ရှားဝုဒ်ကလည်း လီဗာပူးကို အကြိုဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ ကစားကွက် အခင်းအကျင်းအတိုင်း ပွဲထွက်ခဲ့ပေမယ့်တစ်ဦးချင်း အရည်အချင်းသာလွန်တဲ့ အာဆင်နယ်ကို မယှဉ်နိုင်ဘဲ အခုလို ဂိုးပြတ်အရေးနိမ့်ခဲ့ ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ မနှစ်ကလည်း ဟားလ်စီးတီးကို ဗိုလ်လုပွဲမှာ အနိုင်ကစားပြီး သုံးဂိုး-နှစ်ဂိုး နဲ့ အနိုင်ယူ ၁ဝ နှစ်ကြာ ဖလားလက်မဲ့ အနေအထားကို ကုစားခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ကော့က အက်ဖ်အေဖလား နှစ်ကြိမ်ဆက်ရရှိခဲ့ပြီးတဲ့နောက် အာဆင်နယ်အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ပရီမီယာလိဂ်ဖလားကို မဖြစ်မနေ ပစ်မှတ်ထားရတော့မှာဖြစ်တယ်လို့ အသင်း ဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။ ''ပရီမီယာလိဂ်ဖလားဟာ နောင်နှစ်အတွက် အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ပါဗျာ။ အခုလို အက်ဖ်အေဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူး ခဲ့ပြီး အကောင်းဆုံးလူစာရင်းလည်းရှိနေတာ့ ဒီထက် ကြီးမားတဲ့ အောင်မြင်မှုကို ဆက်လက်ရရှိဖို့ ကြိုးပမ်း သင့်တာပေါ့။ ရာသီအစမှာ အမှားအယွင်းမရှိ ကစားနိုင်ရင် ပရီမီယာလိဂ်ဖလားဆွတ်ခူးဖို့ အလားအလာကောင်း သွားမှာပါ'' ဟု ပြောသည်။
အာဆင်နယ်က ဒီနှစ်ဘောလုံးရာသီမှာ ပရီမီယာလိဂ် ချန်ပီယံ ချယ်လ်ဆီးအောက် ၁၂ မှတ်လျော့အနေအထားနဲ့ အဆင့်(၃) နေရာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ပရီမီယာလိဂ်ဖလားကို ၂ဝဝ၃-၂ဝဝ၄ ဘောလုံး ရာသီက နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကျော်ကြာ ပြည်တွင်းလိဂ်အမြင့်ဆုံးအနေအထားကနေ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
ငွေကြယ်နှင့် ရွိုင်ယန်ဟေဒင်
စုစည်းသည်

No comments:

Post a Comment