Monday, June 1, 2015

အရီရန်နာ ဂရန်ဒီဖွင့်ပြောလာတဲ့ တတိယမြောက် တေးအယ်လ်ဘမ်


 
မကြာမီတွင် သူ၏ တတိယမြောက် တေးအယ်လ်ဘမ်သစ်ကို စတင်ဖြန့်ချိတော့ မည်ဖြစ်ကြောင်း အမေရိကန် ပေါ့ပ်အဆိုတော် အရီရန် နာဂရန်ဒီက ပြီးခဲ့သည့် သောကြာနေ့တွင် ပရိသတ်များ ကို စကားလက်ဆောင်ပါးခဲ့သည်။
သူက အဆိုပါ တတိယမြောက် တေးအယ်လ် ဘမ်နှင့် ပတ်သက်သည့် အချက်အလက်များကို အင်စတာဂရမ်စာမျက်နှာပေါ်တွင် ပရိသတ် များအတွက် ဖော်ပြပေးခဲ့သည်။ ဂရန်ဒီက ယင်းတေးအယ်လ်ဘမ်အမည်ကို Moonlight ဟု ပေးထားပြီး အင်စတာဂရမ်ပေါ်တွင် ပရိသတ်တစ်ဦး နှင့် အပြန်အလှန်စကားပြောကြားခဲ့ရာမှ မထင်မှတ်ဘဲ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တေးအယ်လ်ဘမ်တွင် ပါဝင်သော သီချင်းများကို သူ၏ ကျော်ကြားခဲ့သော သီချင်းများဖြစ် သည့်My Everything၊ Only နှင့် Cadillac Song တို့ကို ပူးတွဲရေးစပ်ခဲ့သည့် ဗစ်တိုးရီးယား မွန်နက်ထ်နှင့် ပင် အတူရေးစပ်ခဲ့ကာ ယင်းတေးအယ်လ်ဘမ်သည် သူ၏တတိယမြောက်တစ်ကိုယ်တော်တေးအယ်လ် ဘမ်လည်း ဖြစ်သည်။ သို့သော် စတင်ထုတ်လွှင့်မည့်ရက် အတိအကျ ကိုမူ ဖော်ပြခဲ့ခြင်းမရှိချေ။
အေးပြည့်

No comments:

Post a Comment