Monday, June 1, 2015

လယ်ဝေးမြို့တွင် မိုးနှမ်းအပါအဝင် သီးနှံစုံစိုက်ပျိုးအောင်မြင်လျက်ရှိ





The Mirror Daily's photo.
 

နေပြည်တော် မေ ၃၁

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်တွင် မေလ ဒုတိယပတ်နှင့် တတိယပတ်တို့၌ မိုးအဆက် မပြတ်ရွာသွန်းခဲ့မှုကြောင့် နွေနှမ်း သီးနှံအပါအဝင် မိုးနှမ်း၊ အစေ့ထုတ် ပြောင်း၊ သီးနှံတို့ကို ပေါင်းလိုက်ခြင်း၊ ကြားထွန်လိုက်ခြင်းတို့ဖြင့် လုပ်အားခ ငွေကျပ် ၂၅ဝဝ မှ ကျပ် ၃ဝဝဝ အထိ နေ့စဉ် ရရှိလျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့ဟောင်းလမ်းပေါ်ရှိ ကြောင်ရေ၊ နောင်ဘိုရွာတို့တွင် အစောစိုက်နှမ်းများ ပွင့်သီးလျက်ရှိပြီး မကြာမီ နုတ်သိမ်းတော့မည်ဖြစ်သည်။ သဲကောရွာ၊ ကူသပိတ်ရွာတို့ တွင် ဖရုံစိုက်ခင်းများ အသီးတင်လျက်တွေ့ရသည်။ကူသပိတ်ကျေးရွာမှ တောင်သူ ဦးလွင်က ''မနှစ်ကဖရုံဈေး ကောင်းရတဲ့အတွက် ဒီနှစ်မှာ ဧပြီလဆန်းမှ စတင်စိုက်ပျိုးပါတယ်။ မကြာခင် ရောင်းတန်းဝင်အသီးတွေ ရတော့မှာပါ။ ဖရုံပြီးလျှင် မိုးစပါးစိုက်မှာဖြစ်ပြီး ဒီမြေမှာတော့ အဆင်ပြေပြေစိုက်လို့ရတဲ့အတွက် နောက်လမှာ လေဆိပ်ဘေးမှာ ဖရုံသီးတွေ တောင်လိုပုံနေလို့ ဝင်ငွေ များကောင်းမှာ ဖြစ်ပါတယ်''ဟု ပြောပြသည်။

လယ်ဝေးမြို့နယ်တွင် မိုးသီးနှံ နှစ်စဉ် ဧက ၅ဝဝဝ ကျော်စိုက်ပျိုး လျက်ရှိပြီး နှမ်းစိုက်ဧကအများဆုံး မြို့နယ်ဖြစ်ကြောင်း၊ မိုးသီးနှံများ အထွက်နှုန်းတိုးပြီး ဈေးနှုန်းကောင်း ကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြောင်း သိရသည်။
တင်ဦး(ရမည်းသင်း)

No comments:

Post a Comment