Monday, June 1, 2015

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ စက်ဘီးမတော်တဆမှုကြောင့် ပေါင်ကျိုး




The Mirror Daily's photo.
 


ဂျီနီဗာ မေ ၃၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ပြင်သစ်အဲလ်ပတ်စ် တောင်တန်းဒေသတွင် စက်ဘီးမတော်တဆမှုဖြစ်ပွားခြင်းကြောင့် ညာဘက်ပေါင်ရိုးကျိုးသွားခဲ့ကြောင်း သတင်းများအရ သိရသည်။

အသက် (၇၁)နှစ်အရွယ်ရှိသည့် ဂျွန်ကယ်ရီသည် ခြေထောက်ဒဏ်ရာ ရရှိမှုကြောင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံ ယူလျက်ရှိကြောင်း ကယ်ရီ၏ ကိုယ်ရေးအရာရှိက ဆိုသည်။

ကယ်ရီသည် အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိနေစဉ် ခြေထောက်ဒဏ်ရာရရှိမှုကြောင့် မက်ဒရစ်နှင့် ပါရီမြို့များသို့ အလည်အပတ်သွားရောက်ရန် အစီအစဉ်များကို ဖျက်သိမ်းလိုက်ရသည်။
ကယ်ရီ စက်ဘီးမတော်တဆမှု ဖြစ်ပွားစဉ် သူ၏ဘေး၌ ဆေးလုပ်သားများနှင့် ဆရာဝန်တစ်ဦးရှိနေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းဖော်ပြထားသည်။ ညာဘက် ပေါင်ရိုးကျိုးသွားသော်လည်း သူ၏ကျန်းမာရေးအခြေအနေမှာ ပုံမှန် အနေအထားတွင်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကယ်ရီသည် ဇွန် ၁ ရက်တွင် မက်ဒရစ်မြို့၌ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးရန်နှင့် ဇွန် ၂ ရက်တွင် ပါရီမြို့၌ကျင်းပမည့် အိုင်အက်စ် စစ်သွေးကြွများကို ချေမှုန်းနိုင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန်စီစဉ်ထား ပြီးဖြစ်သော်လည်း ရုတ်တရတ် ခြေထောက်ဒဏ်ရာရရှိမှုကြောင့် အမေရိကန်နိုင်ငံ ဘော်စတွန်မြို့သို့ ဆေးကုသ မှုခံယူရန် ပြန်ရမည်ဖြစ်သည်။

ကယ်ရီက စက်ဘီးစီးနင်းရသည်ကို အလွန်အမင်းနှစ်ခြိုက်ပြီး ခရီးရက် ရှည်ထွက်သည့်အခါတွင် သူ၏ စက်ဘီးကို ယူဆောင်သွားလေ့ရှိသည်။
ဆင်ဟွာ။

No comments:

Post a Comment