Monday, June 29, 2015

အချစ်ဦးနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြသွားတဲ့ သရုပ်ဆောင်အဆိုတော် ဆန်စီဂျွန်


 
KBS ရုပ်သံလွှင့်ဌာနမှ ဇွန်၂၇ ရက်တွင် ရိုက်ကူးထုတ်လွှင့်သည့်Do As You Wish အစီအစဉ်သစ်တစ်ခုတွင် 2PM အဖွဲ့မှအဆိုတော်တေးယန်၊ မူဟီးဂျန်၊ M.I.B မှ ခေးနမ်နှင့် သရုပ်ဆောင်အဆိုတော် ဆန်စီဂျွန်တို့သည် သူတို့ရဲ့ပထမဆုံးအချစ်ဦးဇာတ်လမ်းများနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုသွားခဲ့သည်ဟု ကိုရီးယားသတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
အသံချိုချိုလေးနှင့် အချစ်သီချင်းများကို သီဆိုလေ့ရှိသည့် တောင်ကိုရီးယားသရုပ်ဆောင်အဆိုတော် ဆန်စီဂျွန်က'' ကျွန်တော့်ရဲ့ ပထမဆုံးအချစ်ဦးက အထက်တန်းဒုတိယနှစ်မှာ စပြီးတွေ့ခဲ့ကြတာပါ။ မှတ်မိနေသေးတယ်။ ကျွန်တော်ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးခဲ့တယ်ဆိုတာကို။ အခုချိန်ထိ သတိရနေတုန်းပါပဲ'' လို့ အစီအစဉ်တင်ဆက်နေစဉ်အတွင်း အရွှန်းဖောက်ပြောဆိုသွားခဲ့သည်။
ဆန်စီသည် ၂ဝဝဝ ခုနှစ်တွင်ကျင်းပခဲ့သည့် အွန်လိုင်းသီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲသို့စတင်ဝင်ရောက်ခဲ့သည်။ အဆိုပါ သီချင်းဆိုပြိုင်ပွဲတွင်ဆုရရှိသူများအား အခွေထုတ်လုပ်ခဲ့ရာ ဆန်စီ၏The Road that Leads to Me တေးသီချင်းကြောင့် အခွေပေါင်း ၁ဝဝဝဝဝ နီးပါး ရောင်းချခဲ့ရသည်။
ပန်းသော်တာ - စုစည်းသည်

No comments:

Post a Comment