Monday, June 29, 2015

ဟောလိဝုဒ်၏ ကျော်ကြားသော အနုပညာရှင်များ စာရင်းဝင်ဖြစ်ခဲ့တဲ့ ဂျပန်ရုပ်ရှင်သူရဲကောင်း


 
၁၉၂ဝ- ၁၉၉၇ ခုနှစ်များတွင်ကျော်ကြားထင်ရှားခဲ့သော ဂျပန်ရုပ်ရှင် မင်းသားဟောင်းကြီး တိုရှီယိုမီဖူနင်အား ဟောလိဝုဒ်က ကျော်ကြားသော အနုပညာရှင်များစာရင်းတွင် ထည့်သွင်း၍ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ကြောင်းThe Japan Timesတွင် ရေးသားဖော်ပြထားသည်။
တိုရှီယိုမီဖူနင်သည် ဒါရိုက်တာအကီရာကူယိုဆာဝါရိုက်ကူးသည့် ရုပ်ရှင် ဇာတ်ကားများဖြစ်သည့်Rashomon (1950) Seven Samurai (1954) နှင့်Yojimbo (1961) တို့တွင်လည်းပါဝင်သရုပ်ဆောင်ခဲ့ပြီး ယင်းဇာတ်လမ်းများ သည်လည်း ၂ဝ၁၆ ခုနှစ်တွင် ဟောလိဝုဒ်၏ မှတ်တမ်းဝင်ဇာတ်ကားများအဖြစ်ရွေးချယ်ခံခဲ့ရသည်ဟုဆိုသည်။
ဟောလိဝုဒ်၏ မှတ်တမ်းဝင်စာရင်းများတွင် ဂျပန် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး စဲစွေဟာရာကာဝါ (၁၈၈၆-၁၉၇၃) နှင့် Godzilla သိပံ္ပရုပ်ရှင် ဇာတ်ကားကြီးသည်လည်းပါဝင်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။
ပန်းသော်တာ - စုစည်းသည်

No comments:

Post a Comment