Monday, June 29, 2015

လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်း မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ








တောင်ကြီး ဇွန် ၂၈

၏ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF(Myanmar) တို့ ပူးပေါင်း၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်း မိတ်ဆက်ခြင်းအခမ်းအနားကို တောင်ကြီးမြို့ ဆရာဝန်အသင်းရုံးအစည်းအဝေး ခန်းမ၌ ဇွန် ၂၅ ရက်က ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြား ပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မိတ်ဖက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ သည်။ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်း မိတ်ဆက်အခမ်းအနားသို့ ရှမ်း ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊UNICEF(Myanmar) မှ တာဝန်ရှိသူများ၊ ပရဟိတဂေဟာများမှ တာဝန်ရှိသူများ၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကိုကိုနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
စိုင်းသန်းကျော်(တောင်ကြီး)

No comments:

Post a Comment