Monday, June 29, 2015

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေ






ကလေးဝ ဇွန် ၂၈


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ်၌ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များကို ဇွန် ၂၆ ရက်က ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
လက်ကမ်း စာစောင်များကို ကလေးဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများက ဆိပ်ကမ်းဈေးသည်များ၊ ရေယာဉ်လိုင်းများမှ အလုပ်သမားများ နှင့် ခရီးသွားကျေးလက်ပြည်သူများ ထံသို့ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်အထိ တစ်လအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်(ယင်းမာ)ကို ချမှတ် ကာ လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည်။
ချင်းတွင်းသား(iprd)

No comments:

Post a Comment