Monday, June 29, 2015

ယူရီးယားဓာတ်မြေသြဇာများ ကန်ကြီးထောင့် (ပုသိမ်)၌ စတင်ဖြန့်ဖြူးပေး







နေပြည်တော် ဇွန် ၂၈

 မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူ လယ်သမားများ လယ်ယာစိုက်ပျိုးရေး အဆင်ပြေစေရန်အတွက် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ဓာတ်မြေ သြဇာစက်ရုံများမှထွက်ရှိသော ယူရီး ယားဓာတ်မြေသြဇာများကို တောင်သူ များ လုံလောက်စွာသုံးစွဲနိုင်ရေး အတွက် တောင်သူများကိုယ်တိုင် ဝယ်ယူခွင့်လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် စလေ၊ ကျွန်း ချောင်း၊ ကျော်စွာ၊ မြောင်းတကာနှင့် ကန်ကြီးထောင့် (ပုသိမ်) အစရှိသည့် ဓာတ်မြေသြဇာစက်ရုံငါးရုံ တည်ရှိ သည်။ သို့သော် ပြည်တွင်းရှိ သဘာဝ ဓာတ်ငွေ့မလုံလောက်မှုကြောင့် ယခု လက်ရှိတွင် မြောင်းတကာစက်ရုံ နှင့် ကန်ကြီးထောင့်(ပုသိမ်) စက်ရုံ တို့သာ လည်ပတ်လျက်ရှိကြောင်း သိရသည်။

ယခင်က တောင်သူများအနေဖြင့် ယူရီးယား ဓာတ်မြေသြဇာများကို ဝယ်ယူရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ရှိသည့် အစိုးရအဖွဲ့ ဝင်များ၏ထောက်ခံချက်ဖြင့် ဝယ်ယူ ခြင်း၊ လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ တစ်ဆင့်ဝယ်ယူခြင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းလက်အောက်ရှိ ဆန်စပါး အထူးပြုကုမ္ပဏီများ ထောက်ခံ ချက်ဖြင့် အဆင့်ဆင့်လျှောက်ထား လာမှုကို စက်ရုံများမှထုတ်လုပ်မှု ပမာဏအပေါ်မူတည်၍ ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
ယခုအခါတွင် မိုးစပါးစိုက် ပျိုးရာသီချိန်အမီ တောင်သူ လယ်သမားများ ဓာတ်မြေသြဇာ လုံလောက်စွာ သုံးစွဲနိုင်ရန်နှင့် စိုက် ပျိုးချိန် နှောင့်နှေးကြန့်ကြာမှုမရှိစေ ရေးအတွက် ဇွန်လမှစတင်၍ တိုက်ရိုက်ရောင်းချသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာန ပြည်တွင်း ပြည်ပဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်း မင်းဦးထံမှ သိရသည်။
''အရင်က တောင်သူလယ်သမား တွေ တိုက်ရိုက်ဝယ်ယူခွင့်မရှိဘဲ အဆင့်ဆင့်လျှောက်ထားရတဲ့အတွက် နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ ဒါ ကြောင့်မို့ တောင်သူများကိုယ်တိုင် မှတ်ပုံတင်ကိုင်ပြီး အချိန်တိုအတွင်း မှာ ဝယ်ယူလို့ရတဲ့အတွက်ကြောင့် လယ်ယာလုပ်ငန်းခွင်တွေမှာ ပိုပြီး အကျိုးသက်ရောက်စေတဲ့ ရည်ရွယ် ချက်နဲ့ ဒီစနစ်ကိုစပြီးကျင့်သုံးခြင်း ဖြစ်ပါတယ်''ဟု ၄င်းကဆက်လက် ပြောကြားသည်။
ယူရီးယားဓာတ်မြေသြဇာများကို ဆန်စပါးအများဆုံး ထွက်ရှိရာ ဒေသဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ ကန်ကြီးထောင့်(ပုသိမ်)၌ ဇွန်လမှ စတင်၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်မြေသြဇာများကို တောင်သူ များ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုး နိုင်ရန်အတွက် လိုအပ်ချက်ပမာဏ အတိုင်းဖြည့်ဆည်းပေးရန် ကြိုးစား လျက်ရှိကြောင်း၊ သဘာဝဓာတ်ငွေ့ များရရှိလာလျှင် စက်ရုံများ လည်ပတ်ရန်အတွက် စွမ်းအင် ဝန်ကြီးဌာနကိုယ်တိုင် ကြိုးစားနေပြီး ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် ပြုလုပ်နေကြောင်း၊ ယင်းကဲ့သို့ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်သည့်အတွက် ဘဏ္ဍာ ငွေ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင် မည်ဖြစ်ကြောင်း၊ စက်ရုံများကို လည်း အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကာ လယ် ယာကဏ္ဍကို မြှင့်တင်နိုင်မည်ဖြစ် ကြောင်း ဦးမင်းမင်းဦးက ပြောကြား သည်။
သိမ့်သိမ့်မိုး၊ ခြူးစန္ဒီနွေး
(မြန်မာ့အလင်း)

No comments:

Post a Comment