Tuesday, June 2, 2015

ရထားလမ်း၊ လေယာဉ်ကွင်း စသည့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေး


 
နေပြည်တော် ဇွန် ၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဂျပန်နိုင်ငံ ဟီတာချီလီမိတက် ဥက္ကဋ္ဌနှင့် လုပ်ငန်းအဖွဲ့အကြီးအကဲ၊ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ဒါရိုက်တာ မစ္စတာတိုရှီအာကီဟီဂါရှိ ဟာရာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိဟိဂုချိလည်း တက် ရောက်သည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ရထားလမ်း၊ လေယာဉ်ကွင်းစသည့် အခြေခံအဆောက်အအုံများ အဆင့် မြှင့်တင်နိုင်ရေး၊ လျှပ်စစ်ပစ္စည်း တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာများအပေါ် ရင်းနှီးစွာဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment