Monday, June 29, 2015

ဒီဂီယာ မန်ယူတွင်ဆက်ရှိနေပါက မိမိထက်ဆုဖလားများ ပိုမိုရယူနိုင်မည်ဟု ပီတာရှမိုက်ကယ်ယုံကြည်


 
ရီးယဲလ်မှ ချိတ်ဆက်ကမ်းလှမ်းနေသော မန်ယူဂိုးသမား ဒီဂီယာအနေဖြင့် မန်ယူတွင်သာ ရာသီပေါင်းများစွာ ဆက်ရှိသင့်ပြီး စံချိန်တင်မှတ်တမ်းတစ်ရပ်ကို မန်ယူနှင့်အတူ ရေးထိုးသင့်သည်ဟု မန်ယူဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်က အကြံပြုပြောကြားခဲ့သည်။
ထိုသို့မန်ယူတွင်သာ ဆက်လက်ရှိနေပါက ၄င်း ထက်ပင် ဆုဖလားများ ပိုမိုရရှိနိုင်မည်ဟု ခန့်မှန်းမှုပြုပေးခဲ့သည်။
ရှမိုက်ကယ်သည် မန်ယူနှင့်အတူ ရှစ်ရာသီဖြတ်သန်းခဲ့ပြီး ပရီမီယာလိဂ် ဖလားငါးကြိမ်နှင့် ချန်ပီယံလိဂ်ဖလားအပါအဝင်စုစုပေါင်း ဖလား ၁၅ လုံး အထိဆွတ်ခူးနိုင်ခဲ့သည်။ဒီဂီယာသည် မန်ယူအသင်းနှင့်အတူဘောလုံးရာသီ နှစ်ရာသီခန့် ဖြတ်သန်းပြီးနောက် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်လာခဲ့သူဖြစ်သည်။
အဆိုပါစပိန်ဂိုးသမားကို ရီးယဲလ်က အလိုရှိနေပြီး မန်ယူက မရောင်းချ လိုသော်လည်း ကစားသမားကိုယ်တိုင်ကမူ စပိန်သို့သာ ပြန်လည်အခြေချ ကစားလိုသည်။ သို့သော် ပီတာရှမိုက်ကယ်က ဒီဂီယာအနေဖြင့် မန်ယူ၌သာ ဆက်နေပါက စံချိန်တင်ဆုဖလားများ ရရှိနိုင်လိမ့်မည်ဟု ဟောကိန်း ထုတ် ပြောကြားခဲ့သည်။

[မေလဲ့သင်း]

No comments:

Post a Comment