Monday, June 1, 2015

ဘီဘာအိုအား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စပိန်ကိုပါဒယ်ရေးဖလား ဘာစီလိုနာဆွတ်ခူး





The Mirror Daily's photo.
 


စပိန်ကိုပါဒယ်ရေးဖလားနောက်ဆုံးဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်း၏ အိမ်ကွင်းနူးကမ့်တွင် ဘာစီလိုနာအသင်းနှင့် ဘီဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ စပိန် ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ယင်းပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် သွင်းဂိုးများကို တိုက်စစ်မှူးမက်ဆီ က ပွဲကစားချိန် မိနစ် ၂ဝ နှင့် ၇၄ မိနစ်တို့တွင် နှစ်ဂိုး၊ တိုက်စစ်မှူး နေမာက ပွဲကစားချိန် ၃၆ မိနစ်တွင် တစ်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘီဘာအိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပွဲကစားချိန် ၇၉ မိနစ်တွင် ဝီလျံက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှူး မက်ဆီသည် ယခုနှစ်တွင် ဘာစီလိုနာအသင်းနှင့်အတူ ဖလားများ ဆွတ်ခူးထားနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၅)ကြိမ်မြောက်အဖြစ် ဆွတ်ခူးရန်လည်း နီးစပ်မှုရှိနေခဲ့ပြီဖြစ်သည်။ဘာစီလိုနာအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် စပိန်လာလီဂါဖလားကို ရယူဆွတ်ခူးထားနိုင်ခဲ့သည့် အသင်းဖြစ်ပြီး လက်ရှိတွင်လည်း စပိန်ကိုပါဒယ်ရေးဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းနှင့် ယှဉ်ပြိုင် ရဦးမည်ဖြစ်သောကြောင့် တစ်နှစ်တည်းဖလားသုံးလုံးရယူဆွတ်ခူးနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီလည်းဖြစ်သည်။

(ငွေကြယ်)

No comments:

Post a Comment