Monday, June 29, 2015

ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ


 
မြင်းမူ ဇွန် ၂၈
ချောင်းဦးမြို့ မုံရွာ-မန္တလေး ကား လမ်း မိုင်တိုင်အမှတ်(၆၇/၅-၆) ကြား မုံရွာ-မန္တလေး မီးရထားသံလမ်းကူး တွင် ဇွန် ၂၇ ရက် ညပိုင်းက ကား တစ်စီး နောက်ဘီးကျွတ်ထွက်ကာ ပိုင်ရှင်မရှိဘဲ မသင်္ကာဖွယ် ရပ်တန့် ထားကြောင်း သတင်းအရ ချောင်းဦး မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် နှင့်တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မှ အဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ရထားသံလမ်းကူးပေါ် တွင် ဘယ်ဘက်နောက်ဘီးကျွတ်လျက် ရပ်တန့်ထားသော 7A/----- NISS-AN HOMY ဖြူ/မီးခိုပြာ မှန်လုံ ယာဉ်ငယ်ပေါ်မှ ပိတောက်ဓားရွေတုံး ခုနစ်တုံး(၁ ဒသမ ၁၅၄) တန်အား ပိုင်ရှင်မဲ့တွေ့ရှိသဖြင့် အဆိုပါ သစ်များအား ချောင်းဦးမြို့နယ် တာဝန်ခံတောအုပ်ထံ လွှဲပြောင်း ပေးအပ်ပြီး ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ သစ်များ သယ်ဆောင်လာသူ အား အရေးယူနိုင်ရန် ချောင်းဦး ရဲစခန်းမှ အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။
(၆၂၄)

No comments:

Post a Comment