Tuesday, June 30, 2015

ဂျပန်-မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအသင်း ထွက်ခွာ

 
 
 Myanmaalinn's photo.
 
ရန်ကုန် ဇွန် ၂၉
ဂျပန်နိုင်ငံ အိုဆာကာမြို့၌ကျင်းပမည့် ဂျပန်-မဲခေါင် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ ဘောလုံးအသင်းသည် ဇွန် ၂၈ ရက် ည ၁၁ နာရီက ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ယခု သွားရောက်ယှဉ်ပြိုင်သည့် မြန်မာ ယူ-၁၅ အသင်းကို ဘောလုံး အကယ်ဒမီ အသက် ၁၅ နှစ်အောက်ဖြင့် ဖွဲ့စည်းခဲ့ပြီး သွားရောက်ယှဉ်ပြိုင် ခြင်းဖြစ်သည်။ ပြိုင်ပွဲကို (ယနေ့)ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၅ အသင်းသည် အုပ်စု (ခ)တွင် ဂျပန်နိုင်ငံ ဆန်ဖရီချီဟီရိုရှီးမားအသင်း၊ ထိုင်းအသင်း၊ လာအိုအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။ မြန်မာ ယူ-၁၅ အသင်းသည် အုပ်စုပွဲစဉ် များအဖြစ် ဇူလိုင် ၁ ရက်တွင် ဆန်ဖရီချီဟီရိုရှီးမားအသင်းနှင့် လည်းကောင်း၊ ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် လာအိုအသင်းနှင့် လည်းကောင်း၊ ဇူလိုင် ၂ ရက် ညနေပိုင်းတွင် ထိုင်းအသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ဇူလိုင် ၃ ရက်တွင် ပထမ ဗိုလ်လုပွဲ၊ တတိယလုပွဲစသည်ဖြင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၅ အသင်းကို အဖွဲ့ ခေါင်းဆောင် ဦးစိုးညွန့်၊ နည်းပြချုပ် ဦးတင်မောင်ဝင်း၊ လက်ထောက် နည်းပြ ဦးရဲဝင့်သူ၊ ဂိုးနည်းပြ ဦးမြင့် ဦးနှင့် ကြံ့ခိုင်မှုနည်းပြ ဦးအောင် အောင်တို့ လိုက်ပါသွားပြီး ကစား သမားများအဖြစ် ထက်ဝေလျှံစိုး၊ အောင်မြင့်မြတ်၊ အောင်ဝဏ္ဏစိုး၊ မြင့်မြတ်သူ၊ အောင်အောင်ဇင်၊ ပြည့်ဖြိုးမောင်၊ ဘိုဘိုအောင်၊ သက်ပိုင်ထွေး၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ ပြည့်စုံနိုင်၊ ထွန်းဆိုင်၊ ထက်ဖြိုးဝေ၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်း၊ သက်ပိုင်ထူးနှင့် ကျော်ကျော်ထက်တို့ ဖြစ်ကြသည်။
အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်း သည် မဲခေါင်ဒေသနိုင်ငံများ အပါ အဝင် အာရှနိုင်ငံများအတွင်းရှိ ကလေးငယ်များ ဘောလုံးအဆင့် အတန်း တိုးတက်ဖွံ့ဖြိုးရေးနှင့် ဂျပန်-မဲခေါင် ဒေသတွင်းနိုင်ငံများ အကြား ပိုမိုချစ်ကြည်ရင်းနှီးမှုရစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းပြိုင်ပွဲသို့ အိမ်ရှင် ဂျပန် နိုင်ငံမှ ဗစ်ဆဲကိုဘေအသင်း၊ ဆန်ဖရီချီ ဟီရိုရှိးမားအသင်း၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအို နိုင်ငံတို့မှ မျိုးဆက်သစ် ယူ- ၁၅ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြ သည်။
သတင်း-မင်းခေတ်၊ ဓာတ်ပုံ-မိုးမခ
(မြန်မာ့အလင်း)

No comments:

Post a Comment