Monday, June 29, 2015

ရီးယဲလ်မှ ထွက်ခွာမည်ဆိုသည်မှာ ကောလာဟလသာဖြစ်သည်ဟု စီရိုနယ်လ်ဒိုဆို


 
ရီးယဲလ် တိုက်စစ်မှူးစီရိုနယ်လ်ဒိုက နည်းပြအန်စလော့တီထွက်ခွာသွားပြီး နောက် မပျော်မရွှင်ဖြစ်နေပြီး အသင်းမှ ထွက်ခွာရန် ကြိုးပမ်း နေသည်ဆိုသည့် သတင်းများမှာ ကောလာဟလများသာဖြစ်သည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ စီရိုနယ်လ်ဒိုသည် လွန်ခဲ့သည့် ခုနှစ်လခန့်မှစတင်၍ ရီးယဲလ်မှ ထွက်ခွာကာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်နေသည်။
စီရိုနယ်လ်ဒိုသည် လာလီဂါတွင်သွင်းဂိုး ၄ ဂိုးအထိ အများဆုံးသွင်းယူပေးနိုင်ခဲ့သော်လည်း ရီးယဲလ်၏ဖလား လက်မဲ့အနေအထားကြောင့် မပျော်မရွှင်ဖြစ်နေသည်။ ပီအက်စ်ဂျီအသင်း ကလည်း၎င်းအပြောင်းအရွှေ့ဖြစ်မြောက်ရန် ပေါင်သန်း ၂၅ဝ အထိ အသုံးပြုကာ ခေါ်ယူချင်နေသည်။
စီရိုနယ်လ်ဒိုက 'အခုကျွန်တော်နဲ့ပတ်သက်ပြီးထွက်နေတဲ့ အပြောင်းအရွှေ့သတင်းတွေအားလုံးဟာ အမှန်တွေမဟုတ်ပါဘူး။ ဒီလို ကောလဟာလသတင်းတွေက ကျွန်တော်နဲ့ ရီးယဲလ်အကြား ပဋိပက္ခ တွေကို ဖြစ်လာစေနိုင်ပါတယ်။ ရီးယဲလ်လို ကမ္ဘာ့အကောင်းဆုံးကလပ် အသင်းကြီးများမှာ ကစားခွင့်ရတာက ကျွန်တော်ကို အမှန်တကယ် ပျော်ရွှင်မှု ရရှိနေပြီး ရာသီသစ်မှာ အောင်မြင်မှုတွေကို ဆောင်ကြဉ်းပေးဖို့ သာ အာရုံစိုက်လုပ်ဆောင်မှာပါ' ဟု ဆိုခဲ့သည်။
[မေလဲ့သင်း]

No comments:

Post a Comment