Tuesday, June 2, 2015

မကွေးမြို့နယ်၌ အိမ်သာကျင်းတူးရာမှရိုင်ဖယ် ကျည်တောင့် ၁ဝဝ တွေ့ရှိ



မကွေး ဇွန် ၁
မကွေးမြို့နယ် မကျည်းကန် ကျေးရွာအုပ်စု နွားကူးကျေးရွာတွင် မေ ၃၁ ရက် မွန်းလွဲပိုင်းက အိမ်သာကျင်းတူးစဉ် ကျည်တောင့် ၁ဝဝ တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နွားကူးကျေးရွာနေ လှိုင်မင်းဦး (၃၁)နှစ်သည် မေ ၃၁ ရက် မွန်းလွဲ ၁ နာရီက အိမ်ဝိုင်း လွတ်အတွင်း ညီဇော်အောင် မေတ္တာ(ဘီ) (၅)လမ်း မကွေးမြို့ နေသူက အိမ်သာကျင်းတူးစဉ် အနက်လေးပေခွဲ အရောက်တွင် သံချေးတက်နေသည့် ကျည်တောင့် ၁ဝဝ အား တွေ့ရှိသဖြင့် မကွေး နယ်မြေရဲစခန်းသို့ အကြောင်းကြား ခဲ့သည်။ ကျည်ဆန်တောင့်အဟောင်း များ တွေ့ရှိရာနေရာသို့ မကွေးနယ် မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်သူက သိမ်းဆည်းခဲ့ပြီး မကွေးနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်မင်းညိုက မကွေးမြို့ နယ်မြေခံ တပ်နယ်မှူးရုံးသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီက တပ်မတော်မှ တာဝန်ရှိသူ များက စစ်ဆေးရာ အဆိုပါသံချေး တက်ကျည်များမှာ ရိုင်ဖယ်ကျည်(DM-42) အမျိုးအစား သုံးမရ ကျည်များဖြစ်ကြောင်း သိရှိရပြီး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

(ကျော်ဇေယျ)

No comments:

Post a Comment