Tuesday, June 2, 2015

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာမှုရှိအောင် တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး


 
နေပြည်တော် ဇွန် ၁
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ရုရှားနိုင်ငံ၏ဆောင်ရွက်နေမှုများကို တန်ဖိုးထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ နေထိုင်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ် မပျက်ဆက်ဆံနေထိုင်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံသည် မိမိတို့၏မိတ်ဆွေရင်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ် Colonel General OLEG L.SALYUKOV အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ် Colonel General OLEG L. SALYUKOV နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. VASILY B.POSPELOV ၊ စစ်သံမှူး Colonel
DMITRY S.GUROV နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ နှင့်တပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာမှုရှိ အောင် တိုးမြှင့်ဆောင်ရွက်ရေး၊ စစ်ဘက်နှင့် ဆေးပညာရပ်ပိုင်းဆိုင်ရာ လေ့လာရေးအဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ ပညာတော်သင်များ စေလွှတ်ရေး၊ တပ်မတော်အချင်းချင်း အတွေ့အကြုံများဖလှယ်၍ အတတ် ပညာနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(မြဝတီ)

No comments:

Post a Comment