Monday, June 1, 2015

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်


 
မန္တလေး မေ ၃၁
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မေ ၃၁ ရက် နံနက် ၃ နာရီ ခွဲခန့်က ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် Elite ခရီးသည် ပို့ဆောင်ရေး ယာဉ်တစ်စီး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/ဝ) တံတားဦးမြို့အရှေ့ဘက် ဆုံကုန်းအဝိုင်း လမ်းလယ်ကျွန်း အား ဝင်ရောက်တိုက်သဖြင့် ငါးဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်- မန္တလေး - ပြင်ဦးလွင် ခရီးစဉ် အဖြစ် ယာဉ်မောင်း ကျော်စိုး (၃၅)နှစ် မောင်းနှင် လာသောခရီးသည် အမျိုးသား ၂ဝ ဦး၊ အမျိုးသမီး ၁၅ဦး လိုက်ပါလာသည့် Elite ခရီးသည်ပို့ဆောင်ရေး ယာဉ်အမှတ် YGN (2/......)သည် မိုင်တိုင်အမှတ် (၃၅၇/ဝ)အရောက် ဆုံကုန်းအဝိုင်း လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး လေးဦး၊ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး ငါးဦး ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ များအား တံတားဦးမြို့နယ်ဆေးရုံတွင် ရှေးဦးစွာ ကုသ ပြုစုပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်စိုးအား အမြန်လမ်းမကြီးရဲစခန်း(စကားအင်း)က အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်)

No comments:

Post a Comment