Monday, June 1, 2015

သာယာဝတီမင်းခေါင်းလောင်းကြီးနှင့် အရွယ်တူ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာမင်္ဂလာခေါင်းလောင်းတော်ကြီးထားဝယ်မြို့သို့ရောက်ရှိ


 
ထားဝယ် မေ ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင် ပြည်သူ များ စုပေါင်းပါဝင် လှူဒါန်းမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ ကျက်သရေဆောင်ရွှေတောင်စား စေတီတော်မြတ်ကြီး၏ အောက် ပစ္စယာအင်္ဂါထောင့်၌ ဘုံခုနစ်ဆင့် ပြာသာဒ်တော်ဖြင့် အပူဇော်ခံထားရှိ မည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာမင်္ဂလာ ခေါင်းလောင်းတော်ကြီးသည် မေ ၂၆ ရက်တွင် မန္တလေးမြို့မှစတင်ထွက်ခွာ လာပြီး မေ ၂၉ ရက်တွင် ထားဝယ်မြို့ သို့ရောက်ရှိလာကာ မောင်မယ်ရှောင် ကျေးရွာ ရှင်ဓာတ်ဝဲဘုရားကြီးအနီး တွင် ညအိပ်ရပ်နားအပူဇော်ခံထားရှိ သည်။
ဆက်လက်၍ မဟာဝိဇယ ခေမ သီတလ နိဗ္ဗုတဃောသ မဟာမင်္ဂလာ ခေါင်းလောင်းတော်ကြီးကို မေ ၃ဝ ရက်မွန်းလွဲ ၂ နာရီတွင် မောင်မယ်ရှောင် ကျေးရွာမှဘုရားကြီး ဝင်းအတွင်းသို့ အပူဇော်ခံလာရာ လမ်းတစ်လျှောက်၌တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲ များ၊ ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ အကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ပြည်သူလူထုများက သာသနာ့အလံ များ ကိုင်ဆောင်၍ စည်ကားသိုက် မြိုက်စွာဖြင့် လိုက်ပါကြည်ညိုကြ သည်။
ခရီးလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက ဖျော်ရည်များ၊ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကာ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသမဟာမင်္ဂလာ ခေါင်းလောင်း တော်ကြီးကို စုရပ်ဖြစ်သော ထားဝယ် မြို့ ကျက်သရေဆောင် လောကမာရ ဇိန် ဘုရားကြီးဝင်းအတွင်း၌ ပူဇော်ခံ ထားရှိသည်။
မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာမင်္ဂလာ ခေါင်းလောင်း တော်ကြီးသည် လက်ရှိ မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံးစာရင်းဝင် ရွှေတိဂုံစေတီတော်မြတ်ကြီး တနင်္ဂနွေ ထောင့်ရှိ သာယာဝတီမင်းခေါင်းလောင်း တော်နှင့်အရွယ်တူဖြစ်ပြီး ကြေးပိဿာ ချိန် ၁၁၇၇၇ ပိဿာ၊ အမြင့် ၁၂ ပေ၊ အချင်း ၇ ပေ ၅ လက်မ၊ ထု ၁ ပေရှိ၍ခေါင်းလောင်းတော်ကြီးတွင် ငြိမ်းချမ်းသာယာသော နိမိတ်ပုံအဖြစ် လောကနတ်ရုပ်တုနှင့် မြန်မာမှု အနုပညာများကို တင့်တယ်စွာ တပ်ဆင်ပြုလုပ်ထားကြောင်း သိရ သည်။
ခေါင်းလောင်းတော်ကြီးကို မေ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် စုရပ် ဖြစ်သော ဘုရားကြီးဝင်းအတွင်းမှ ကိုယ်စားတော်လေးဆူနှင့် အတူ ထားဝယ်မြို့အတွင်းသို့ လှည့်လည် ပူဇော်ခံကြောင်း သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment