Monday, June 1, 2015

ကိုရီးယားဇာတ်လမ်းတွဲတွေမှာ စတားဖြစ်နေတဲ့ မင်းသမီး ဟန်ဟိုဂျူး


 
မြန်မာပရိသတ်များစွဲလမ်းနှစ်ခြိုက်စွာ အားပေးလျက်ရှိသည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများတွင် လတ်တလောနာမည်ကြီးနေသည့် သရုပ်ဆောင်များစာရင်းတွင် မင်းသမီးဟန်ဟိုဂျူးလည်းပါဝင်ကြောင်း ကိုရီးယားသတင်းစာမျက်နှာတွင် ရေးသားထား သည့်အတွက် ဟန်ဟိုဂျူး၏ အနုပညာလောကထဲဝင်ရောက်ခဲ့ပုံနှင့် ရိုက်ကူးပြီးသော ဇာတ်လမ်းတွဲများအား မြန်မာပရိသတ်များအတွက် ဝေမျှလိုက်ပါသည်။
ကိုရီးယားမင်းသမီး ဟန်ဟိုဂျူးကို ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင်မွေးဖွားခဲ့ ပြီး၂ဝဝ၃ ခုနှစ်တွင် ဆယ်ကျော်သက်အလှမယ်ရွေးပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရာမှ အလှမယ်ဘွဲ့ရရှိခဲ့သည်။ နောက်ပိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲများရိုက်ကူးပြီး သရုပ် ဆောင်အဖြစ် အနုပညာလောကထဲဝင်ရောက်လာခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် MBCက ရိုက်ကူးသည့် Nonstop 5 ဇာတ်လမ်းတွဲတွင် နာမည်ကြီးသရုပ်ဆောင်များဖြစ်သည့် တက်ဘလိုနှင့် ဟန်ဆိုအာတို့နှင့် တွဲဖက်သရုပ်ဆောင်ရာမှ သရုပ်ဆောင်အဖြစ် ပရိသတ်လက်ခံအားပေးမှု ရလာခဲ့သည်။
၂ဝဝ၉ ခုနှစ်တွင်Brilliant Legacy ဒရမ်မာဇာတ်လမ်းတွဲတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပြီး လီဂျွန်ကီနှင့်အပြိုင်သရုပ်ဆောင်ထား သည့်Iljimae ဇာတ်လမ်းတွဲသည် ဟန်ဟိုဂျူးအားနာမည်ကြီးစတားတစ်ယောက် အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ တောင်ကိုရီးယားအလှမယ်ဟန်၏ ၂ဝ၁ဝ ခုနှစ်တွင် ထွက်ရှိထားသည့်Dong Yi ဒရမ်မာဇာတ်လမ်းတွဲမှာ လူကြိုက်များသော ကိုရီးယား နန်းတွင်းဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပြီး 34th Blue Dragon Film Awards ဆုပေးပွဲ တွင် Cold Eyes ရုပ်ရှင်ဖြင့် အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆုကို ဆွတ်ခူးရရှိခဲ့ သည်။ ယခုနောက်ဆုံးအသစ်ထွက်ရှိထားသည့် ရုပ်ရှင်ဇာတ်ကားမှာ C’est Si Bon ဖြစ်သည်။
ပရိသတ်အချစ်တော် မင်းသမီးဟန်သည် ရုပ်ရှင်ထူးချွန်ဆုကို ရရှိထားရုံသာမက သူ၏လှပသောအသားအရေနှင့် အပြုံးချိုချိုလေးများကြောင့်လည်း တောင်ကိုရီးယား တွင် သာမက အရှေ့တောင်အာရှနိုင်ငံများတွင်ပါ ကျော်ကြားသည့် မင်းသမီးတစ်ယောက် ဖြစ်သည်။
ပန်းသော်တာ

No comments:

Post a Comment