Monday, June 1, 2015

နျူကလီးယားအရေးနှင့်ပတ်သက်ပြီး အီရန်ကိုဖိအားပေးသည့်အနေဖြင့် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ပြန်လည်ပြုလုပ်ရန် အင်းအားကြီးခြောက်နိုင်ငံသဘောတူ



Myanmaalinn's photo.

တီဟီရန် မေ ၃၁

အကယ်၍ အီရန်နိုင်ငံသည် နျူကလီးယား သဘောတူညီချက်ပါ သတ်မှတ်ချက်များကို ချိုးဖောက် မည်ဆိုပါက ကုလသမဂ္ဂအနေဖြင့် အီရန်အပေါ်ပိတ်ဆို့မှုများကို ပြန် လည်ပြုလုပ်ရန် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံက သဘောတူခဲ့သည်။ နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် ဇွန်လ ၃ဝ မတိုင်မီ သဘောတူညီ ချက်၏ အဓိကပြဿနာရပ်များ ကို ကျော်လွှားနိုင်ရန် ကြိုးစားနေ ကြောင်း အနောက်အရာရှိများက ရိုက်တာသတင်းတစ်ရပ်သို့ ပြောခဲ့ သည်။ ကုလသမဂ္ဂ ပိတ်ဆို့မှုအပေါ် နားလည်မှုအသစ်တစ်ခုဖြစ်သည့် မပြင်းမလျော့ သဘောထားသည် အင်အားကြီး ခြောက်နိုင်ငံဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာ မနီ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ကြား အီရန်နှင့် ဆက်သွယ်ဆောင်ရွက် ရာတွင် အခြားအခက်အခဲများ ကျန် ရှိနေသော်ငြားလည်း ဖြစ်နိုင်သည့် အလားအလာများကို ဆောင်ကြဉ်း ပေးနိုင်သည်။
အီရန်အပေါ်ကုလသမဂ္ဂအရေး ယူပိတ်ဆို့မှုများကို ဖယ်ရှားပေးသည့် အလဲအလှယ်အနေဖြင့် အီရန် နိုင်ငံတွင် အနုမြူဗုံးထုတ်လုပ်မှုကို ပိတ်ပင်တားဆီးရန် ရည်ရွယ်သည့် နျူကလီးယား သဘောတူညီချက် ဆိုင်ရာ စာချုပ်နောက်ဆုံးရက် မရောက်ခင် ဧပြီ ၂ ရက်နေ့တွင် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ နှင့် အီရန်နိုင်ငံတို့သည် ကြားဖြတ် သဘောတူညီချက်တစ်ခုရရှိခဲ့သည်။
အီရန်သည် ၎င်း၏ကတိများ ကို ဖောက်ဖျက်ခဲ့ပါက ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ပြုလုပ် သွားနိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး နောက်ထပ်ဆွေးနွေး စရာအဖြစ် ဆက်လက်ကျန်ရှိနေ သေးသည်။

(ရိုက်တာ)

No comments:

Post a Comment