Tuesday, June 2, 2015

တာလေ၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အိုက်စ်များဖမ်းဆီးရမိ



 

တာလေ ဇွန် ၁
တာလေမြို့နယ် နားယောင်း အုပ်စု နောင်မွန်းကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ကြွ ဆေးမှုန့် မက်အက်ဖီတမင်း(အိုက်စ်) ဟု ယူဆရသော အဖြူရောင်ပုံဆောင် ခဲများနှင့် မူးယစ်ဆေးဝါးရှူရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို မေ ၃၁ ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁ဝ၄)နေပြည်တော်မှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့သည် တာလေ မြို့နယ် နားယောင်းအုပ်စု နောင်မွန်း ကျေးရွာရှိ စိုင်းရှဲန်၏ နေအိမ်ကို ရှာဖွေရာ စိုင်းရှဲန်နှင့်အတူ မူးယစ် ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ စိုင်းရွက်အား နေအိမ်တွင် တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးမှုန့် အလေးချိန် ၁ဝ ဒသမ ၄ ဂရမ်ပါ တစ် ထုပ်နှင့် မက်အက်ဖီတမင်း(အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ငါးဂရမ်ပါ တစ်ထုပ်အားလည်းကောင်း၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၃၁ဝ နှင့် စိတ်ကြွ ဆေးပြား ရှူရာတွင် အသုံးပြုသည့် ပိုက်တပ် လျက် ကော်ဘူးသုံးဘူးကိုလည်း ကောင်း၊WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၁ဝ ကို လည်းကောင်း စုစုပေါင်း စိတ်ကြွ ဆေးပြား ၄၁၁ဝ၊ အလေးချိန် ၄၁၁ ဂရမ်၊ စိတ်ကြွဆေးမှုန့် ၁ဝ ဒသမ ၄ ဂရမ်နှင့် မက်အက်ဖီတမင်း(အိုက်စ်)အလေးချိန် ငါး ဂရမ်အား တွေ့ရှိ သဖြင့် သိမ်းဆည်းခဲ့သည်။
အမှုမှ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသော စိုင်းရှဲန်(၄၁ နှစ်)၊ နှင့် စိုင်းရွက်(၂၂ နှစ်)၊ တာကြန့် ကျေးရွာ နားယောင်းအုပ်စု တာလေ မြို့နယ်နေသူနှစ်ဦးတို့ကို တာလေ နယ်မြေရဲစခန်းက ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment