Monday, June 1, 2015

စက်ဘီးပြိုင်ပွဲများ ကျင်းပ




The Mirror Daily's photo.
 

တောင်ကြီး မေ ၃၁

အားကစားဝန်ကြီးဌာန၏ လမ်းညွှန် မှုဖြင့် MSP Tractors Ltd., နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တံခွန်စိုက် (Freedom Bicycle Road Race နှင့် Mountain Bike) ပြိုင်ပွဲဖွင့်ပွဲကို မေ ၃ဝ ရက် နံနက် ၇ နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် တာလွှတ်ပွဲ ကျင်းပသည်။

ပြိုင်ပွဲကို ရှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲတွင် ကျား ၃၈ ဦး၊ မ ငါးဦး စုစုပေါင်း ၄၃ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့မှ တာလွှတ်၍ ကလော မြို့နယ် ဟဲဟိုးလေယာဉ်ကွင်းလမ်းဆုံအထိ ယှဉ်ပြိုင်တစ်ပတ်လှည့်၍ တောင်ကြီး မြို့နယ် အေးသာယာမြို့ ထုံးဖိုဂိတ်၌ ပန်းဝင်ကာ ဆုရရှိသူများကို ဆုများချီးမြှင့် ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment