Monday, June 29, 2015

လက်ရှိချန်ပီယံ ရတနာပုံနှင့် ကမ္ဘောဇတို့ သရေကျ



 



သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန်  ဇွန်  ၂၈

 ၂ဝ၁၅ ရာသီMNL အမှတ်ပေး ပြိုင်ပွဲ ပထမအကျော့ပွဲစဉ် (၁ဝ) ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ ညနေ ပိုင်းက ဆက်လက်ကျင်းပခဲ့သည်။
(တောင်ကြီးကွင်း)
 ကမ္ဘောဇ - နှစ်ဂိုး
 (ကျော်ဇေယျာဝင်းနှင့် ဂျော်ဂျီ)
ရတနာပုံ - နှစ်ဂိုး
 (မာတူနာနှင့် ရဲကိုဦး)
လက်ရှိချန်ပီယံ    ရတနာပုံ အသင်းမှာ  ရဲကိုဦး၏  နောက်ကျ ချေပဂိုးကြောင့်   အဝေးကွင်းတွင် သရေတစ်မှတ်  ရယူနိုင်ခဲ့သည်။ အသင်းကြီးနှစ်သင်း  တွေ့ဆုံသော ပွဲဖြစ်၍  ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး သွင်းဂိုးများစွာဖြင့်  ပွဲကောင်းတစ် ပွဲဖြစ်ခဲ့သည်။
နှစ်သင်းစလုံး  အမာခံကစား သမား  အစုံအလင်ဖြင့်  ပွဲထွက်လာ
ခဲ့ပြီး    ၈  မိနစ်တွင်   မာတူနာက  ရတနာပုံအတွက်  ဂိုးစတင်သွင်းယူ ပေးခဲ့သည်။ အိမ်ရှင် ကမ္ဘောဇအသင်း မှာ ချေပဂိုးရရှိရေးအတွက်  တိုက်စစ် အားမြှင့်လာခဲ့ပြီး  ၂၈  မိနစ်တွင်   ကျော်ဇေယျာဝင်းက ချေပဂိုးပြန်လည် သွင်းယူခဲ့သည်။ ချေပဂိုးပြန်ရသွား၍  ကမ္ဘောဇကစားပုံ  ပိုကောင်းလာပြီး    မိနစ် ၄ဝ တွင် ဂျော်ဂျီက ကမ္ဘောဇ အတွက် ဦးဆောင်ဂိုးသွင်းခဲ့သည်။

ရတနာပုံအသင်းမှာ   ချေပဂိုး ရရှိရန်အတွက်  ဒုတိယပိုင်းတွင် တိုက်စစ်အားမြှင့်ခဲ့ပြီး အောင်သူနှင့် လှိုင်းဘိုဘိုတို့ ဝင်လာပြီး နောက်ပိုင်း တွင်  ကစားပုံပိုကောင်းလာခဲ့သည်။ ရတနာပုံအသင်းအတွက်  ချေပဂိုးကို  ၉၄ မိနစ်တွင် ရဲကိုဦးက သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။
အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားသည့် မကွေးနှင့်ချင်းယူနိုက် တက်ပွဲမှာ  တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ တစ်မှတ်စီ ခွဲယူခဲ့ သည်။ သုဝဏ္ဏကွင်း၌ ကစားသည့် ဟံသာဝတီနှင့် ဇွဲကပင်တို့ပွဲမှာလည်း ဂိုးမရှိ သရေဖြစ်ခဲ့သည်။

ပွဲစဉ် (၁ဝ)အပြီး ရန်ကုန်အသင်း က ရမှတ် ၃ဝ  ဖြင့်  ထိပ်ဆုံး၌  ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဧရာဝတီ အသင်းက ၂၂ မှတ်၊ ရတနာပုံအသင်း က ၂ဝ မှတ်၊ မကွေးအသင်းက  ၁၉ မှတ်နှင့်  ကမ္ဘောဇအသင်းက ၁၆ မှတ်တို့ ရရှိထားသည်။

No comments:

Post a Comment