Monday, June 1, 2015

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပစိဖိတ်သမုဒ္ဒရာဖြတ် မာရသွန်ခရီးရှည် စတင်ပျံသန်း




The Mirror Daily's photo.
 


နန်ကျင်း မေ ၃၁

ဆွစ်ဇာလန်နိုင်ငံလုပ် နေရောင်ခြည်စွမ်းအင် သုံးလေယာဉ် Solar Impulse 2 သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် နန်ကျင်းမြို့တော် နန်ကျင်းလူကို နိုင်ငံတကာလေဆိပ်မှ အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ်သို့ မေ ၃၁ ရက်က ပျံသန်းထွက်ခွာသွားခဲ့သည်။

နန်ကျင်းမှ ဟာဝိုင်ယီသို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းရမည့် ခရီးအကွာအဝေးသည် ကီလိုမီတာ ၈ဝဝဝ (၄၉၇၁ မိုင်) ရှိပြီး လေယာဉ်မှူးတစ်ဦးတည်းက ငါးရက် ငါးညခန့် ထိန်းချုပ်မောင်းနှင်သွားရမည်ဖြစ်သည်။

ခရီးစဉ်ပျံသန်းမှုဆိုင်ရာ ညွှန်ကြားရေးမှူး ရေမွန် ကာလီက နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းမှုမပြုမီ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံအနောက်မြောက်ပိုင်းတို့မှ လေယာဉ်ပျံသန်းနေသည်ကို မြင်နိုင်ဖွယ်ရှိပြီး ခြောက်ရက်မြောက် ညနေတွင် ဟာဝိုင်ယီသို့ ဆိုက်ရောက်မည်ဟု ပြောကြားသည်။ ယင်းခရီးစဉ်ကို လေယာဉ်မှူး ဘောရှ်ဘာ့ဂ်ျက နာရီပေါင်း ၁၃ဝ ခန့်ကြာ တစ်ဦးတည်း ထိန်းချုပ်မောင်းနှင်သွားမည်ဖြစ်သည်။

အဆိုပါလေယာဉ်သည် အမေရိကန်နိုင်ငံမှတစ်ဆင့် ဥရောပသို့ ပျံသန်းသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် မူလထွက်ခွာရာနေရာ အဘူဒါဘီမြို့သို့ ပြန်လည်ဆိုက်ရောက် မည်ဖြစ်သည်။ ဆင်ဟွာ။

No comments:

Post a Comment