Monday, June 29, 2015

ဘိုကာဂျူနီယာနဲ့ ဘ၀သစ်ပြန်စမယ့် တီဗက်ဇ်










 ကောင်းမြတ်သူ-စုစည်းသည်

အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ဟာ အီတလီစီးရီးအေချန်ပီ ယံ ဂျူဗင်တပ်မှ ဘိုကာဂျူနီယာသို့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တီဗက်ဇ်ဟာ ၂ဝဝ၄ ခုနှစ်က အာဂျင်တီးနားမှ မထွက်ခွာမီမှာ ဘိုကာဂျူနီယာနဲ့ ဘဝစတင်ခဲ့ရတာပါ။ သူဟာ ဥရောပမှာ ကိုးနှစ်ကြာ ကစား ခဲ့ပြီး အာဂျင်တီးနားသို့ ပြန်သွားခဲ့ပါပြီ။ မန်ယူ၊ မန်စီးတီး၊ ဝက်စ်ဟမ်းတို့မှာ ကစားခဲ့တဲ့ တီဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အတွက် စီးရီးအေဂိုး ၂ဝ သွင်း ယူပေးခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ သူ့ကို လီဗာပူး၊ အက်သလက်တီကိုနဲ့ ပီအက်စ်ဂျီတို့က အဆက်အသွယ်ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အာ ဂျင်တီးနားနိုင်ငံကို ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျူဗင်တပ်က အက်သလက်တီကို မှ မန်ဇူကစ်နဲ့ တီဗက်ဇ်နေရာမှာ အစားထိုးခဲ့ပါတယ်။ ဘိုကာဂျူနီယာက တီဗက်ဇ်ကို ခေါ်ယူကြောင်း အတည်ပြုလိုက်ချိန်မှာ သူဟာ ကိုပါအမေရိက ဖလားပွဲအဖြစ် ကိုလံဘီယာနဲ့ကစားတဲ့ ကွာတားဖိုင်နယ်ပွဲမှာ အရန်ခုံမှာရှိနေ ခဲ့ပါတယ်။

No comments:

Post a Comment