Monday, June 29, 2015

ဖီဖာဥက္ကဋ္ဌရာထူးမှ နုတ်မထွက်ဘူးလို့ ဆိုလာတဲ့ ဆပ်ဘလတ္တာ








ကောင်းမြတ်သူ-စုစည်းသည်

ဖီဖာဥက္ကဋ္ဌရာထူးကနေ နုတ်မထွက်တော့ဘူးလို့ ဆပ်ဘလတ္တာက ပြောဆိုလိုက်ပါတယ်။ အသက် ၇၉ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား ဆပ်ဘလတ္တာဟာ ဇွန် ၂ ရက်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်း လာဘ်စားမှုတွေ ပေါ်ပေါက်စဉ် ၁၇ နှစ်ကြာ ဖီဖာဥက္ကဋ္ဌရာထူးကို ရယူထားခဲ့မှုမှာ အဆုံးသတ်ရ ဖွယ်ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ကျွန်တော်နှုတ်ထွက်မှာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ရုံးကို ဖီဖာကွန်ဂရက်ရဲ့လက်ထဲကို အပ်နှံထားပြီး ဖြစ်ပါတယ်လို့ ဆပ်ဘလတ္တာက ပြောဆိုခဲ့ပါတယ်။ ဆွစ်ဇာလန်သတင်းစာ တစ်စောင်ကလည်း ဆပ်ဘလတ္တာ နုတ်ထွက်မှာ မဟုတ်ဘူးလို့ အတည်ပြုရေးသားခဲ့ပါတယ်။ အမေရိကန်မှာ လာဘ်စားမှုနဲ့ပတ်သက်ပြီး ဖီဖာ တာဝန်ရှိသူတွေကို စစ်ဆေးပြီးလေးရက်အကြာမှာပဲ ဆပ်ဘလတ္တာကို ဖီဖာဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment