Monday, June 29, 2015

မူးမြစ်ကူးတံတား (ကာဘိုး) တည်ဆောက်





ကန့်ဘလူ ဇွန် ၂၈


စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ် ကာဘိုးကျေးရွာတွင် ဇွန် ၂၈ ရက်က မူးမြစ်ကူးတံတား (ကာဘိုး)ကို ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန တံတားတည် ဆောက်ရေးအဖွဲ့(၃)က သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် အရှိန်အဟုန် မြှင့် ယာဉ်စက်ယန္တရားကြီးများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
အဆိုပါတံတားသည် အရှည်ပေ ၁၂၆ဝ ရှိ သံကူကွန်ကရစ်တံတားကြီး အဖြစ် တည်ဆောက်လျက်ရှိပြီး ဇွန် ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးတက်ရောက် ၍ ပန္နက်တင်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ တံတားသည် ကန့်ဘလူ မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မြို့နယ်ချင်းဆက် တံတားဖြစ်ပြီး ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ သွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက်ကုန် များ ပို့ဆောင်ရေးတို့အတွက် များစွာ အကြိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအခန်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments:

Post a Comment