Monday, June 1, 2015

တတိယအကြိမ် အမျိုးသားသတင်းဆု ချီးမြှင့်ပွဲကျင်းပ သတင်းသူရဲကောင်းဆု သတင်းစာဆရာကြီး ဖိုးသောကြာ(ခေတ်+မိုး)ရရှိ



Myanmaalinn's photo.

ရန်ကုန် မေ ၃၁

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တတိယအကြိမ်မြောက် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန် မြို့ ဗဟန်းမြို့နယ် မြရိပ်ညိုဟိုတယ်၌ ကျင်းပသည်။
ယနေ့ကျင်းပသည့် တတိယ အကြိမ် (၂ဝ၁၄-၂ဝ၁၅) အမျိုးသားသတင်းဆုချီးမြှင့်ပွဲတွင် သတင်းသူရဲ ကောင်းဆု၊ အကောင်းဆုံး သတင်း ကာတွန်းဆု၊ အကောင်းဆုံးသတင်း ဓာတ်ပုံဆုနှင့် အကောင်းဆုံး သတင်း ရုပ်/သံဆု စုစုပေါင်း လေးမျိုးကို ပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းသူရဲကောင်းဆုကို သတင်းစာဆရာကြီး ဦးဖိုးသောကြာ (ခေတ်+မိုး)၊ သတင်းကာတွန်းဆုကို ဦးရွှေထူး (ပြည်)၊ သတင်းဓာတ်ပုံဆု ကို ဦးစိုးဇေယျာထွန်းနှင့် သတင်း ရုပ်သံဆုကို DVB သတင်းဌာနတို့မှ ရရှိခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အဖွင့်အမှာစကား ပြော ကြားသည်။ ယင်းနောက် အဖွဲ့အစည်း များမှ ပေးပို့လာသောသဝဏ်လွှာ များကို ကိုယ်စားလှယ် အသီးသီးက ဖတ်ကြားကြသည်။
ထို့နောက် အမျိုးသားသတင်းဆု ကော်မတီဥက္ကဋ္ဌ ဦးဝင်းငြိမ်းက တတိယအကြိမ် (၂ဝ၁၄-၂ဝ၁၅) အမျိုးသားသတင်းဆု ပေးအပ်ခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးရဲထွဋ်၊ ဦးအောင်မင်းနှင့် အငြိမ်းစား ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့က ဆုချီးမြှင့်ကြပြီး ဆုရရှိသူများကိုယ်စား ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)က ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ကျင်းပသည့် အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးရဲထွဋ်၊ အမျိုးသားသတင်းဆု ကော်မတီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူ များအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်နှင့် မြန်မာစာနယ်ဇင်းသမဂ္ဂ တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ၊ ဆုရရှိကြသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ပထမအကြိမ် အမျိုးသား သတင်းဆုကို ၂ဝ၁၂ ခုနှစ် မတ် ၁၈ ရက်နှင့် ဒုတိယအကြိမ် အမျိုးသား သတင်းဆုကို ၂ဝ၁၃ ခုနှစ် မေ ၃ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမျိုးသားသတင်းဆု ကော်မတီ (၂ဝ၁၂ ပြက္ခဒိန်အတွက်) ကိုဖျက်သိမ်းခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားသတင်းဆုချီးမြှင့်ပွဲ အခမ်း အနားကို ကျင်းပနိုင်ခြင်း မရှိခဲ့ ကြောင်း သိရသည်။
၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် အမျိုးသားသတင်းဆု ကော်မတီကို ၂ဝ၁၅ ခုနှစ် ဧပြီ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး သတင်းဆုချီးမြှင့်ရာတွင် အမျိုးသား သတင်းသူရဲကောင်းဆု (National News Hero Award) ကို ထပ်မံဖြည့်စွက်၍ ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် အတွက် ယမန်နှစ်များက ပေးအပ်ခဲ့ သော အခြားဆုများကိုမူ ချီးမြှင့်နိုင် ခြင်း မရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment