မန္တလေး ဇွန် ၂၈
မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းအတွင်းရှိ ကမ္ဘာ ကျော် ဦးပိန်တံတားကြီးအား ပြည် ထောင်စု အစိုးရဘတ်ဂျက်မှ ငွေ ကျပ်သိန်းပေါင်း ၂၂၇ဝ အကုန် အကျခံ၍ ရှေးလက်ရာအတိုင်း အမရပူရခေတ်အသွင် ပြုပြင်ထိန်း သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဦးပိန်တံတားကြီးအား ၂ဝ၁၄ ခုနှစ် ဧပြီလအတွင်း ပထမဦး စားပေးအဆင့်အနေဖြင့် အခန်း ပေါင်း ၂၁ ခန်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျပ်သိန်း ၁၄ဝ ကျော် စိုက် ထုတ် အကုန်အကျခံပြုပြင်ခဲ့ပြီး ယခုအခါ တံတားကြီးရေရှည်တည် တံ့ ခိုင်မြဲစေရေးအတွက် ပြုပြင်ရန် တိုင်းဒေသကြီးအစိုးရမှ ပြည်ထောင်စု အစိုးရသို့ ကုန်ကျစရိတ်ကိုတွက် ချက်တောင်းခံခဲ့ရာ ၎င်းကုန်ကျငွေ ကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မန္တလေး
တိုင်းသေကြီး၊ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။
''ဒီတံတားကြီး ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့အတွက် သက်ဆိုင်ရာ ဌာနများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များနဲ့ ဇွန်၂၃ရက်က အစည်း အဝေးပြုလုပ်ပြီးအကြံဥာဏ်များရယူ ခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ ရရှိတဲ့အကြံပြုချက်တွေကို စီမံချက် တွေရေးဆွဲပြီး ဇူလိုင်လပထမအပတ်မှာ မန္တလေးမြို့ရဲ့မြို့မိမြို့ဖတွေ၊ သက်ဆိုင် ရာဌာနတွေ လွတ်တော်ကိုယ်စားလှယ် တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့မီဒီယာတွေကိုဖိတ်ကြားပြီးဒီစီမံချက်တွေကို ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲကရရှိတဲ့ အကြံပြုချက်တွေကို ဆရာတော်ကြီး များရဲ့သြဝါဒ ကိုခံယူပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမှာ ဖြစ်ပါ တယ်''ဟု ၄င်းကပြောသည်။
ဦးပိန်တံတားသည်၁၂၁၃ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီးယနေ့ဆို လျှင်နှစ်ပေါင်း၁၆ဝကျော်ပြီဖြစ်သည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတား တစ်ခုဖြစ်ခြင်းကြောင့် ပြည်တွင်း ပြည်ပမှ ဧည့်သည်များလာရောက် ကြည့်ရှုမှု များပြားလာသည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်တန်ဖိုးမဖြတ်နိုင်၍ နိုင်ငံတော်အစိုးရမှ အကုန်အကျခံ ပြုပြင်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment