Saturday, May 2, 2015

မာလာလာအားတိုက်ခိုက်မှုတွင် ပါဝင်သူ အမျိုးသား ၁ဝ ဦးကို ပြစ်ဒဏ်ချမှတ်




The Mirror Daily's photo.


ပက်ရှ်ဝါ မေ ၁

၂ဝ၁၂ ခုနှစ်က ဆယ်ကျော်သက်ရွယ် လူ့အခွင့်အရေး လှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင်းအား သေ နတ်ဖြင့် ပစ်ခတ်ခဲ့မှုတွင် ပါဝင်ပတ် သက်မှုဖြင့် ပါကစ္စတန် တရားရုံးတော်က အမျိုးသား ၁ဝ ဦးကို ထောင် ဒဏ် ၂၅ နှစ် ကျခံစေရန် ဧပြီ ၃ဝ ရက်တွင် စီရင်ချက်ချမှတ်လိုက် ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

မာလာလာအား တိုက်ခိုက်ခဲ့သူများမှာ မိမိတို့ဖြစ်သည်ဟု ပါကစ္စတန် တာလီဘန် စစ်သွေးကြွများက ထုတ်ပြန်ကြေညာခဲ့ကြသည်။ မာလာလာ သည် ပါကစ္စတန်နိုင်ငံ ဆွက်တောင် ကြားဒေသရှိ သူ၏နေအိမ်သို့ စာသင် ကျောင်းမှ ပြန်လာစဉ် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။ဆွက်ဒေသသည် မြို့တော်အစ္စလာမ္မာဘတ်၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။

ဆွက်ဒေသရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတွင် ကြားနာ စစ်ဆေးခဲ့ပြီးနောက် အမျိုးသား ၁ဝ ဦးကို ထောက်ဒဏ် ၂၅ နှစ် အသီးသီး ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
မာလာလာအား တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် မာလာလာမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနိုင်ရန်၎င်းကို ဗြိတိန် နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။

မာလာလာသည် ယခုအခါဗြိတိန် နိုင်ငံ၌ နေထိုင်ကာ ပညာဆည်းပူးလေ့ လာလျက်ရှိပြီး ၂ဝ၁၄ ခုနှစ် နိုဘယ်ဆု အတွက် ရွေးချယ်ခံခဲ့ရသည်။
ရိုက်တာ။

No comments:

Post a Comment