Saturday, May 2, 2015

တောင်ပံကစားသမား အာဂျန်ရော်ဘင် ရာသီကုန်အထိ အနားယူရမည်





ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် အသင်းမှ တောင်ပံကစားသမား အာဂျန်ရော်ဘင် သည် ခြေသလုံး ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ပွဲထွက်ကစားနိုင်မည်မဟုတ်ဘဲ ယခုနှစ်ဘောလုံးရာသီကုန်အထိ အနားယူရမည် ဖြစ်ကြောင်း သိရသည်။
တောင်ပံကစားသမား ရော်ဘင်သည် ခြေသလုံး ဒဏ်ရာပြဿနာကြောင့် ပေါ်တိုအသင်းအား ခုနစ် ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်နှစ်ကျော့စလုံး ဘိုင်ယန်မြူး နစ်အသင်းတွင် ပါဝင်လာခြင်းမရှိခဲ့ပေ။
ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးသည်လည်း ဒဏ်ရာ ပြဿနာကြုံတွေ့နေရပြီး အဆိုပါတိုက်စစ်မှူး လီဝန်ဒေါ့စကီးကိုမူ မေ ၆ ရက်တွင် ဘာစီလိုနာ အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်ပွဲစဉ်တွင် ပါဝင်လာမည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။
သို့ရာတွင် ဘာစီလိုနာနှင့် ပွဲစဉ်တွင် လီဝန် ဒေါ့စကီးပါဝင်လာခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ အဆုံး အဖြတ်ပေးနိုင်ရန် ကျန်းမာရေးဆိုင်ရာ ဆေးစစ် မှုများပြုလုပ်ရန် လိုအပ်နေသေးကြောင်း ဘွန်ဒက် လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ပြောကြားခဲ့သည်။
[ငွေကြယ်]

No comments:

Post a Comment