Saturday, May 2, 2015

ကိုယ်အထက်ပိုင်းဗလာကျင်းထားသည့် အမျိုးသမီးသုံးဦးက ပြင်သစ်အမျိုးသားပါတီခေါင်းဆောင် မာရိန်းလီပန် မိန့်ခွန်းပြောစဉ် နှောင့်ယှက်



The Mirror Daily's photo.



ပါရီ မေ ၁ 

ပြင်သစ်အမျိုးသားပါတီခေါင်းဆောင် မာရိန်းလီပန်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အလုပ်သမားနေ့မိန့်ခွန်း ပြောနေစဉ် ယောက်ျား၊မိန်းမအခွင့်အရေးတန်းတူရရှိနိုင် ရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင် မိန်းကလေးသုံးဦးက ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားကာ'နာဇီ'အလေးပြုသည့်ဟန်လုပ်ဆောင်ပြီး မိန့်ခွန်းပြောမှုကို နှောင့်ယှက်ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသမီးသုံးဦး၎င်းတို့၏ ရင်သားပေါ်တွင် 'ဟိုင်း လီပန်'ဟုရေးထားပြီး လီပန်မိန့်ခွန်းစတင် ပြောသည့်အချိန်တွင် အနီးဝန်းကျင်ရှိအိမ်တစ်အိမ်၏ လသာဆောင်ပေါ်မှ ထွက်ပေါ်လာကာ နာဇီအလေးပြု ဟန်ဖြင့် 'ဖက်ဆစ်စနစ်ကိုရပ်ပါတော့' ဟုပြောဆိုပြီး လှောင်ပြောင်နေခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် ပြင်သစ်အမျိုးသားပါတီ လုံခြုံရေးအဖွဲ့က အဆိုပါ မိန်း ကလေးသုံးဦးအား ဖမ်းဆီးခဲ့သည်။

မိန့်ခွန်းထဲတွင် သမ္မတ ဖရန်ဆွာဟော်လန်း အပါအဝင် သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီတို့နှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့သည်။ သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီသည် ၎င်း၏'ကွန်ဆာဗေးတစ် ယူအမ်ပီ' ပါတီကို၂ဝ၁၇ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံ ရေးလမ်းကြောင်းပေါ်သို့ ပြန်လည်သွတ်သွင်းနေသည်။
ပြင်သစ်နိုင်ငံအလယ်ပိုင်းတွင် ပြင်သစ်အမျိုးသား ပါတီထောက်ခံသူများအား မိန့်ခွန်းစတင်ပြောကြားစဉ် လီပန်သည် နှစ်ကြိမ်ခန့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
ရိုက်တာ။

No comments:

Post a Comment