Saturday, May 2, 2015

မြိတ်မြို့ လျှပ်စစ်စွမ်းအားအကူမီးလင်းရေးစက်ရုံတွင် မီးလောင်မှုဖြစ်ပွား





မြိတ် မေ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ခေါင်းရပ်ကွက် သန္တာလမ်းတွင် မေ ၁ ရက် နံနက် ၁နာရီခန့်က ကန်ခေါင်းရပ်ကွက် (၂၄)နာရီ လျှပ်စစ်စွမ်းအားအကူမီးလင်းရေးစက်ရုံ အမှတ်(၂)၏ နံရံတွင် ကပ်ထားသော ဒါးမိန်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းဦးစီးလျက် မြို့နယ်မီးသတ်စခန်းနှင့် ရပ်ကွက်/ကျေးရွာ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ရေယာဉ် ၁၅စီး၊ ရေသယ်ယာဉ် ငါးစီး စုစုပေါင်း ၂ဝစီးဖြင့် သန္ဓေ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများမှ စုပေါင်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁နာရီ ၁ဝ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ လျှပ်စစ်ဓာတ်အားပေးရုံးအဆောက်အအုံ တစ်ခြမ်း မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် မီးစက်ရုံတာဝန်ခံ ကျော်ထွန်းဝင်း(ခ)ရီနွတ်ဘိုင်အား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment