Saturday, May 30, 2015

ရန်ကုန်တစ်ဖက်ကမ်း ဒလကလည်း နယူးရန်ကုန်ဖြစ်သွားမှာပေါ့ ရန်ကုန်-ဒလ ခေတ်မီကွန်ကရစ်ကြိုးဆိုင်းတံတား စီမံကိန်းအပေါ် ဒေသခံတို့၏သဘောထားအမြင်များ




The Mirror Daily's photo.



တွေ့ဆုံမေးမြန်း - မင်းသစ်
ဓာတ်ပုံ - နေလင်း (သတင်းစဉ်)

မေ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကိုဆက်သွယ်ပေးမည့် ခေတ်မီကွန်ကရစ် ကြိုးဆိုင်းတံတားတည်ဆောက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ချေးယူခွင့်နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က လွှတ်တော်၏ခွင့်ပြုချက်ရရှိရန် ရှင်းလင်းတင်ပြခဲ့သည်။
မေ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၅၁)ရက်မြောက်နေ့တွင် အဆိုပါချေးငွေ နှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုခဲ့သည်။
အဆိုပါသတင်းက ရန်ကုန်မြို့ခံပြည်သူများ အထူးသဖြင့်ဒလမြို့ခံ ပြည်သူများအကြားတွင် လှုပ်ခတ်သွားခဲ့သည်။ သို့မို့ကြောင့် ရန်ကုန်-ဒလ ခေတ်မီကွန်ကရစ်ကြိုးဆိုင်းတံတား စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောထားအမြင်များကိုကောက်နုတ်စုစည်း ဖော်ပြလိုက်ရပါသည်။

ဦးညီညီ
ဒလမြို့၊ ဗညားဒလရပ်ကွက်

ဒလ-ရန်ကုန် မြစ်ကူးတံတားကြီး ထိုးလိုက်မယ်ဆိုရင် ကော့မှူး-ကွမ်းခြံကုန်း-ဒလက ဒေသခံတွေ သွားရေးလာရေးအဆင်ပြေသွားမယ်။ နေ့ရောညပါသွားပြီး အလုပ်လုပ်လို့ ရပါတယ်။ တံတားထိုးမယ်ဆိုတော့ စီးပွားရေးသမားတွေက မြေဈေး ကစားမှာပဲ။ ဒါပေမယ့် ရလဒ်ကတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလကလည်း နယူးရန်ကုန်ဖြစ်သွားမှာပေါ့။

ဦးခင်အေး(ဆိုင်ကယ်ကယ်ရီ)
ဒလမြို့၊ ဘုရင့်နောင်ရပ်ကွက်

တံတားထိုးလိုက်ရင် အားလုံးသွား ရေးလာရေးလွယ်ကူပြီး လုပ်ကိုင် စားသောက်ရတာ အဆင်ပြေသွားမယ် လို့ထင်ပါတယ်။ ခရီးသည်တွေလည်း အားလုံးအဆင်ပြေသွားမယ်။ ရေလမ်းနဲ့ သွားလာလှုပ်ရှားရတာ ခက်ခဲတယ်။ မနက်ဆိုရင် ပိုပြီးသွားရေးလာရေး ခက်ခဲတယ်။ ကားလမ်းပေါက်သွား မယ်ဆိုရင် သွားရေးလာရေးပိုအဆင် ပြေသွားမယ်။ တံတားထိုးလိုက်တဲ့အတွက် ပြည်သူလူထုအတွက် ကောင်းမွန်လာမှာ သေချာပါတယ်။

ဦးဝင်းကို(ဝန်ထမ်း)
ဒလမြို့၊ မြို့မ(၃)ရပ်ကွက်

အရင်ကတော့ သွားရေးလာရေး ခက်ခဲတယ်။ သင်္ဘောလိုင်းက ၉ နာရီအထိပဲ ပြေးဆွဲပေးတယ်။ မိုးရာသီ လှိုင်းလေကြမ်းတဲ့အခါမှာ အရေးပေါ်လူနာတွေဆို ရန်ကုန်ဘက်သွားဖို့ အလွန်ဒုက္ခရောက်တယ်။ တံတားကြီးထိုးလိုက်မယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ကောင်းသလို လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေ လည်း နဂိုကထက် ဖွံ့ဖြိုးတိုးတက် လာမယ်လို့ ယုံကြည်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဒီဘက် ကိုလာမယ်လို့ အသံတွေထွက်နေ တယ်။ နိုင်ငံခြားသားတွေကလည်း လေ့လာဖို့ တဖွဲဖွဲရောက်လာကြတယ်။ နိုင်ငံခြားသားတွေလာကြလို့ ဆိုက်ကား သမားတစ်ယောက်ကို အနည်းဆုံး လေးထောင်၊ ငါးထောင်လောက်ရ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် ဒေသခံတွေရဲ့ စီးပွား ရေးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်တယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါမှာ မြို့ရွာတိုးတက် လာသလို မြေဈေးကလည်း အထိုက် အလျောက်မြင့်လာတယ်။ တချို့ ဝိသမလောဘသားတွေက မြေဈေးကို မတော်မတရား တောင်းတဲ့ အပေါ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ညှိပေးဖို့တော့လိုအပ်တယ်လို့ ယူဆတယ်။

ဒေါ်ခင်ခင်ဝင်း
(အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)
ဒလမြို့နယ်

တံတားကြီးထိုးမယ်ဆိုတော့ အများကြီးဝမ်းသာတယ်။ ကျန်းမာရေးအတွက်လည်း ပိုပြီးကောင်းသွားမယ်။ ရန်ကုန်ဘက်ခြမ်းက ဆေးရုံ တွေသွားမယ်ဆိုရင် သင်္ဘောတွေကို စောင့်ပြီး စီးရတယ်။ လူနာတွေ အတွက် အဓိကပေါ့။ ဒီဘက်မှာက တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံလေး တွေပဲရှိတာဆိုတော့ အရေးကြီး လူနာတွေအတွက် အဆင်ပြေသွားတာ ပေါ့။

ဦးသန်းလွင်
ဒလမြို့နယ်၊ မြို့မ(၄)ရပ်ကွက်

တံတားကြီးထိုးဖို့အတွက် မျှော်လင့် နေတာကြာပြီ။ အခုလို တံတားထိုး ပေးမယ်ဆိုတဲ့ အသံကြားတော့ အလွန်ဝမ်းသာတယ်။ ကျွန်တော်တို့ဒေသခံ တွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ပေါများလာမယ်။ လူနေမှုအဆင့်အတန်းတွေလည်း မြင့်လာမယ်။ ဒလက ရန်ကုန်နဲ့ နီးတယ်ဆိုပေမယ့် မြစ်ကြီးခြားနေ တဲ့အတွက် ဖွံ့ဖြိုးမှုကနောက်ကျနေ တယ်။ အဓိက သင်္ဘောတွေနဲ့ စက်တပ်သမ္ဗန်၊ လှေတွေကိုပဲ အား ထားပြီး ရန်ကုန်ဘက်ကို သွားနေရ တယ်။ တံတား ကြီးထိုးလိုက်မယ်ဆိုရင် ဒလမြို့အတွက်သာမကဘဲ ဧရာဝတီ တိုင်းကလာတဲ့ ဒေသခံတွေအတွက် လည်းအဆင်ပြေသွားတာပေါ့။

No comments:

Post a Comment