Saturday, May 30, 2015

တာချီလိတ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်




The Mirror Daily's photo.

တာချီလိတ် မေ ၂၉


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလက်ကမ်းစာစောင်များကို တာချီလိတ်မြို့တွင်း လူစည်ကားရာ လမ်းဆုံ လမ်းခွများတွင် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများက မေ ၂၇ ရက်တွင် ဒုတိယ အကြိမ် ဖြန့်ဝေပေးခဲ့ကြသည်။ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးသောင်းမြင့် ဦးဆောင်၍ မေ ၅ ရက်နှင့် ၁ဝ ရက်က တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ အဝေးပြေး ယာဉ်လိုင်းယာဉ်ပိုင် ရှင်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၊ ဆိုင်ကယ်တက္ကစီများအား တာချီလိတ်မြို့ပေါ် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလက်ကမ်းစာစောင်များကို ပထမအကြိမ်
ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
(၁၁၁)

No comments:

Post a Comment