ရန်ကုန် မေ ၃ဝ
ရန်ကုန်မြို့၌ ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျစေရေးအတွက်
မီးပွိုင့်လမ်းဆုံများ၌ ကားလမ်းကူး ခုံးကျော်တံတားများ တည်ဆောက်
လျက်ရှိရာ အင်းစိန်ပန်းခြံအနီး တည်ဆောက်လျက်ရှိသည့် ရထား
လမ်းခုံးကျော်တံတားသည် လာမည့် ဇူလိုင်လ ဒုတိယသီတင်းပတ်အတွင်း
ပြီးစီးနိုင်ရန် တည်ဆောက်မှုများ ပြုလုပ်လျက်ရှိသည်။
''သတ်မှတ်ထားတဲ့ အချိန်တွင်း အရည်အသွေးမီမီ ပြီးစီးရေးနဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး တွေကို အလေးထားပြီးဆောင်ရွက်ဖို့ လုပ်နေသလို တံတားတည်ဆောက် ရေး ဧရိယာအတွင်း ကျရောက်တဲ့ နေရာတွေမှာ လူမှုစီးပွားထိခိုက်မှု နည်းအောင်လည်း ဝိုင်းဝန်းဆောင် ရွက်ပေးလျက်ရှိပါတယ်'' ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက အင်းစိန်ခုံးကျော် တံတားတည်ဆောက်ရေး လုပ်ငန်း ခွင်၌ မေ ၃ဝ ရက်က ပြောကြားသည်။
အင်းစိန် ခုံးကျော်တံတား သစ် တည်ဆောက်ရေးလုပ်ငန်းတွင်
ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ပြီးစီး နေပြီး တံတားတိုင်ပေါင်း ၂၈ တိုင် တွင် ၂၇ တိုင် တည်ဆောက်မှုပြီးစီး နေပြီဖြစ်သည်။ တံတားကြမ်းခင်းခြင်း လုပ်ငန်းများမှာလည်း တံတားအခန်း ပေါင်း ၂၇ ခန်းအနက် ၁၄ခန်းပြီးစီး နေပြီဖြစ်ရာ ပြီးစီးမှုမှာ ၅ဝ ရာခိုင်နှုန်း ရှိနေသည်။
အင်းစိန်ခုံးကျော်တံတားသစ်၏ ရန်ကုန်ဘက်သို့သွားမည့်လက်တက်တံတား(တစ်လမ်းသွား)မှာ တံတား တိုင်များ တည်ဆောက်မှုအားလုံး ပြီးစီးသွားပြီဖြစ်သည်။ လက်တက် တံတား(တစ်လမ်းသွား) အရှည်မှာ ပင်မတံတားအရှည် ၆ဝ၃ ပေရှိ သည်။ လက်တက်တံတားပေါ်တွင် ယခုအခါ တံတားကြမ်းခင်းမှုမှာ P-19 မှ P-20 နှင့် P-20မှ P-21? P-21 မှ P-22 အထိ အခန်းသုံး ခန်းသာ ကြမ်းခင်းရန်ကျန်ရှိတော့ သည်။
ထို့အတူ အင်းစိန်ခုံးကျော်တံတား သစ်၏ ပင်မတံတားအရှည်မှာ နှစ်လမ်းသွား ပေ ၁၅၅၇ ဖြစ်သည်။ တံတားတိုင်များ တည်ဆောက်မှု ပြီးစီးနေပြီး တံတားကြမ်းခင်း လောင်းထားမှုမှာ အခန်းရှစ်ခန်း ပြီးနေပြီဖြစ်သည်။ ကျန်ရှိသည့် တံတား ကြမ်းခင်းခြင်းလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။
အင်းစိန် ခုံးကျော်တံတားသစ် သည် စော်ဘွားကြီးကုန်းဘက်လမ်း နှင့်ရန်ကုန်ဘက်သို့သွားသောလမ်း များသို့ တည်ဆောက်ထားသည့်အပြင် ပင်မတံတားတိုင် အမှတ်(၁၂)မှ ခွဲထွက်ပြီး မင်းကြီးလမ်းဘက်သို့ လည်း လက်တက်တံတားတည် ဆောက်မည်ဖြစ်သည်။ မင်းကြီးလမ်း ပေါ်သို့ ဖြတ်ကျော်တည်ဆောက်မည့် လက်တက်တံတားမှာ ဘဏ္ဍာငွေကြေး ရရှိမှုအပေါ် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်သည်။
အင်းစိန် ခုံးကျော်တံတားသစ် တည်ဆောက်မှုမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်ရာ လာမည့် ဇူလိုင်လ ဒုတိယသီတင်းပတ်အတွင်း ပြီးစီးအောင် ကြိုးစားတည်ဆောက် လျက်ရှိသည်။

(မြန်မာ့အလင်း)
No comments:
Post a Comment