Friday, May 1, 2015

ဥရောပခြေစမ်းခရီးစဉ်နောက်ဆုံးပွဲတွင် မြန်မာယူ-၂၀ အသင်းရှုံးနိမ့်




ရန်ကုန်   ဧပြီ   ၃ဝ

နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ဖီဖာ ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၂ဝ အသင်းနှင့် ဟန်ဂေရီယူ-၂ဝ အသင်းတို့သည် ဧပြီ ၂၉ ရက် ညပိုင်းက ဟန်ဂေရီနိုင်ငံတွင် ခြေစမ်းကစားရာ မြန်မာအသင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ 

မြန်မာယူ-၂ဝ အသင်းသည်  အမာခံအားကစား သမားများဖြစ်သည့် ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ သီဟ ထက်အောင်၊  မျိုးမင်းလတ်တို့ကို  ပွဲထွက်လူစာရင်း၌ အသုံးမပြုဘဲ        နန္ဒကျော်၊ အောင်သူ၊ သန်းပိုင်၊ ထိုက်ထိုက်အောင်၊  မျိုးကိုထွန်း၊ ရန်နိုင်ဦးတို့ကို    အမာခံထားကာ အရန်ကစားသမားအချို့ကို ပွဲထွက် လူစာရင်း၌ အသုံးပြုခဲ့သည်။ ဟန်ဂေ ရီအသင်းမှာ ပထမပိုင်း၌ အမာခံ ကစားသမားများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၄၊ ၂၃၊ ၃၃ မိနစ်များတွင် အနိုင်ဂိုးများ သွင်းယူခဲ့သည်။  ဒုတိယပိုင်းတွင် မြန်မာအသင်း အခွင့်အရေးအချို့  ပြန်လည်ရရှိခဲ့သော်လည်း အသုံးချနိုင် ခြင်းမရှိခဲ့ပေ။

ယခုခြေစမ်းပွဲမှာ မြန်မာယူ-၂ဝ အသင်း၏ ဥရောပနိုင်ငံများခြေစမ်း ခရီးစဉ်တွင် နောက်ဆုံးကစားသည့် ခြေစမ်းပွဲဖြစ်သည်။  တစ်လကျော်ကြာ  သွားရောက်ခဲ့သည့် ဥရောပခရီးစဉ် တွင် မြန်မာယူ-၂ဝ အသင်းသည် ဆားဘီးယား၊ မက်ဆီဒိုးနီးယား၊ ဂျာမနီ၊ ဆလိုဘေးနီးယား၊ ဟန်ဂေရီနိုင်ငံများ ၌ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားခဲ့ပြီး လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ ယခု ခရီးစဉ်တွင်    ယူ -၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် ဆားဘီး ယား၊ ဟန်ဂေရီစသည့်   ဥရောပ အသင်းများနှင့်ခြေစမ်းခွင့်ရရှိခဲ့ခြင်း မှာ မြန်မာယူ-၂ဝ အသင်းအတွက် များစွာ အကျိုးရှိသည်။  ဖိုးသော်ဇင်

No comments:

Post a Comment