Friday, May 1, 2015

ဆားဘီးယားနိုင်ငံတွင် လေ့ကျင့်ရန် မြန်မာယူ-၂၃ အသင်း မေ ၄ ရက်တွင် ထွက်ခွာမည်


 
ရှိုင်းထက်ဇော်
ရန်ကုန် ဧပြီ ၃ဝ
(၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဆားဘီးယားနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ရန် မေ ၄ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်း သည် ခြေစမ်းပွဲများနှင့် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် လူရွေးချယ်ပြီးဖြစ်သည်။
မြန်မာယူ-၂၃ အသင်းတွင် အုပ်ချုပ်သူ ဦးသန်းတိုး အောင်၊ နည်းပြချုပ် ဦးကြည်လွင်၊ လက်ထောက်နည်းပြ ဦးကျော်လွင်နှင့်ဦးမြင့်ကို၊ ဂိုးနည်းပြ ဦးအောင်သက်၊ ကစားသမားများအဖြစ် ဂိုးသမား-ကျော်ဇင်ဖြိုး၊ ချမ်းငြိမ်းကျော်၊ အောင်ဝေဖြိုး၊ နောက်တန်း-ရဲဝင်းအောင်၊ ကျော်ဇင်လွင်၊ သောင်လပ်ထန်၊ ကိုကိုဟိန်း၊ ဖြိုးကိုကိုသိန်း၊ စည်သူအောင်၊ ဟိန်းသီဟဇော်၊ သိန်းနိုင်ဦး၊ အလယ်တန်း-နေလင်းထွန်း၊ ချစ်စုမိုး၊ လှိုင်းဘိုဘို၊ အောင်ရှိုးသာမောင်၊ ရဲကိုဦး၊ ဇွန်မိုးအောင်၊ သီဟဇော်၊ အောင်ကျော်နိုင်၊ ဝင်းဇင်ဦး၊ ရှေ့တန်း-ကောင်းဆက်နိုင်၊ ရှိုင်းသူရနှင့် သန်းထက်အောင်တို့ ပါဝင်ကြသည်။ မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေ ဖြင့် ဆားဘီးယားနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ရန် မေ ၄ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး မေ ၅ ရက်မှ ၁၉ ရက် အထိ လေ့ကျင့်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။ မြန်မာယူ-၂၃ အသင်းသည် ယင်းမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မေ ၂၂ ရက် တွင် ဆီးဂိမ်းပြိုင်ပွဲဝင်မည့် ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ဗီယက်နမ်နှင့် ခြေစမ်းပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ ကြိုတင်သွားရောက်မည်ဖြစ်သည်။
မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု(က) ၌ အိမ်ရှင်စင်ကာပူ၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းတို့နှင့် ပါဝင်နေပြီး ပွဲဦးထွက်ပွဲအဖြစ် ဇွန် ၂ ရက် တွင် အင်ဒိုနီးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

No comments:

Post a Comment