Friday, May 1, 2015

မိတ္ထီလာ-နေပြည်တော်-တောင်ငူမဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင်ပါဝင်သွားသော နှစ်ရှည်ပင်နှင့်စိုက်ခင်းများအတွက် တောင်သူများအား နစ်နာကြေးများပေးအပ်



ရေတာရှည် ဧပြီ ၃ဝ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၅ဝဝ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူမဟာဓာတ်အားလိုင်း တည် ဆောက်ရာတွင် မလွတ်ကင်းသော နှစ်ရှည်ပင်၊ စိုက်ပျိုးသီးနှံပင်များ အတွက် တစ်ဦးချင်းစီသို့ နစ်နာကြေး များ ပေးအပ်ပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဟာဓာတ်အားလိုင်း စီမံကိန်း မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေနှင့်တာဝန်ရှိသူများ၊ နှစ် ရှည်ပင်စိုက်ပျိုးသူများနှင့် စိုက်ပျိုး သီးနှံခင်းများပါဝင်သွားသည့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စီမံကိန်း မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေက စီမံကိန်းနှင့်ပတ်သက် ၍ မဟာဓာတ်အားလိုင်း တည် ဆောက်ရာတွင် တာဝါတိုင်များ၊ ချဉ်းကပ်လမ်းများ ဖောက်လုပ်ရာ၌ နှစ်ရှည်သီးနှံစိုက်ပျိုးသော ကုမ္ပဏီ များ၊ စိုက်ပျိုးသီးနှံ စိုက်ပျိုးသော တောင်သူများ နစ်နာဆုံးရှုံးမှုများအား တွက်ချက်တိုင်းတာ၍ နစ်နာကြေး များပေးရခြင်း ဖြစ်ပါကြောင်း ရှင်း လင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဌေးကျော်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည် ဆောက်သည့်မဟာ ဓာတ်အားလိုင်း စီမံကိန်းတွင် ပါဝင်သွားသော စိုက်ပျိုး သူများအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း နိုင်ငံတော်မှ လည်း ပြည်သူများ၏ လူနေမှုအဆင့် အတန်းမြင့်မားရေးနှင့် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပါ၍ တက်ရောက်လာသော ဒေသခံပြည်သူ များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဌေးကျော်၊ စီမံကိန်းမန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေ နှင့်တာဝန်ရှိသူများက နစ်နာကြေး များကို တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ သည်။
ယနေ့ကျင်းပသည့်နစ်နာကြေး ပေးအပ်ပွဲတွင် နှစ်ရှည်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သောကုမ္ပဏီလေးခု နှင့်တောင်သူခြောက်ဦးတို့အား နစ်နာ ကြေးအဖြစ် ငွေကျပ်၇၉၄ သိန်းကျော် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ကိုလွင်(ဆွာ)

No comments:

Post a Comment