Saturday, May 2, 2015

နည်းပညာနှင့်အလုပ်အကိုင်အခွင့်အလမ်းများနှင့်အတူ မြန်မာနိုင်ငံ၌ တစ်ကျော့ပြန်ရင်းနှီးမြှုပ်နှံသည့် ဟီးနိုး





ရန်ကုန် မေ ၁

ဂျပန်နိုင်ငံမှ ဟီးနိုး(Hino)ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် သုံးစွဲလျက်ရှိသော ဟီးနိုးကားများ၏ ယနေ့တိုင် သယ်ယူပို့ဆောင်နေမှုများကို သုတေသနပြုကာ ထရပ်ကားကြီးများနှင့် ဘတ်စ်ကားများပြုပြင်ထိန်းသိမ်းရန် နည်းပညာနှင့်အလုပ်အကိုင်အခွင့်အလမ်းများ၊ အရင်းအနှီးများနှင့်အတူ မြန်မာနိုင်ငံသို့ Hino Service Centre အား တစ်ကျော့ပြန်လည်ပတ်နေပြီဖြစ်ကြောင်း ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေး လှည်းကူးမြို့ ရေတလ ဘောင်ရွာအနီးရှိ ဆားဗစ်စင်တာတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံသို့ ၁၉၅၄ ခုနှစ်တွင် ဟီးနိုးမော်တော်ယာဉ်များကို တင်သွင်း ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် CKDစက်ရုံကို မြန်မာနိုင်ငံ ပြည်၊ ထုံးဘိုမြို့နှင့် ရန်ကုန်မြို့တို့တွင် တည်ထောင်ကာ ၁၉၈၉ ခုနှစ်ထိ မော်တော်ယာဉ်ပေါင်း နှစ်သောင်းကျော်ကို ထုတ်လုပ်နိုင် ခဲ့ပြီး မြန်မာနိုင်ငံတွင်း တပ်မတော်သုံးနှင့် ကုန်စည်သယ်ယူပို့ဆောင် ကဏ္ဍများတွင် ယနေ့တိုင် ကောင်းမွန် စွာအသုံးပြုနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။
၂ဝ၁၂ ခုနှစ်တွင် SPA Group (မြန်မာ)နှင့် Sumitomo Corporation တို့ ပူးပေါင်း၍ံHino Service Station လုပ်ငန်းကို ဈေးကွက်ဖော်ဆောင်ရေးနှင့် ဖောက်သည်များအတွက် စိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင်ရန် ရည်သန် လျက်ရှိပြီး ကျွမ်းကျင်မှု၊ ဗဟုသုတ၊ နည်းပညာများဖြင့် ပေါင်းစပ်ကာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံပြီး ဂျပန် ကုမ္ပဏီမှ ၆ဝ ရာခိုင်နှုန်းနှင့် SPA Motor Ltd မှ ၄ဝ ရာခိုင်နှုန်း ဖြင့် မော်တော်ယာဉ်များကိုလည်း ဈေးကွက် အခြေအနေအပေါ် မူတည်ပြီး တင်သွင်းရောင်းချသွားရန် စီစဉ် ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးမြို့စက်မှုဇုန်-၁ တို့တွင် ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာက ပြောသည်။
သမိုင်းရှည်လျားစွာ ရပ်တည်ခဲ့သော ဟီးနိုးကုမ္ပဏီသည်အမေရိကန်၊ သြစတြေးလျနိုင်ငံတို့အထိ ဈေးကွက်ကျယ်ပြန့်ကာ အာရဒေသ ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီး
ရှားနိုင်ငံတို့ကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်သွားမည်ဟု ဟီးနိုးကုမ္ပဏီမှ သိရသည်။
(သန့်ဇင်ဝင်း)

No comments:

Post a Comment